Connect with us

Hi, what are you looking for?

သတင်း

AAထိန်းချုပ်ဒေသ၌ အဓမ္မပြုကျင့်မှုများစစ်ဆေးမှုကြန့်ကြာနေသည့်အပေါ် AAစစ်ဦးစီးချုပ်၏ ဇနီး ဝေဖန်

ရခိုင်ပြည်နယ်မြို့နယ် ဒေသအချို့တွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုများအား စစ်ဆေးနေမှုများကြန့်ကြာနေပြီး ထိရောက်စွာအရေးယူပေးရန် အာရက္ခတပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးက တိုက်တွန်းပြောဆိုသည်။

အာရက္ခပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS)မှ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DLEPS

ဩဂုတ် ၁၊၂၀၂၅၊ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်မြို့နယ် ဒေသအချို့တွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုများအား စစ်ဆေးနေမှုများကြန့်ကြာနေပြီး ထိရောက်စွာအရေးယူပေးရန် အာရက္ခတပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးက တိုက်တွန်းပြောဆိုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးသည် ဇူလိုင် ၃၁ရက်က လူမှုကွန်ရက်ကတစ်ဆင့်တောင်းဆိုထားရာ ဒေသတွင်းဖြစ်ပွားနေသော အဓမ္မပြုကျင့်မှုအချို့ကို ဝေဖန်ထားသည်။

အာရက္ခပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS)နှင့် တရားကြီးဌာနကြားတွင် အမှုစစ်ဆေးနေမှုသည် ကာလရှည်ကြာနေပြီး ကျူးလွန်ခံရသူများမှာ ထပ်ဆင့်နစ်နာနေရသည်ဟု ရခိုင်ဘာသာဖြင့် ပြောဆိုထားသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် ပြီးခဲ့သည့် ဧပြီက (၉)နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးကိုအုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။ ကျူးလွန်သူဟုသံသယရှိသူ (၈)ဦးအား DLEPSက ဖမ်းဆီးစစ်ဆေးနေသည်။

ဇူလိုင် ၂၈ ရက်ကလည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အသက်(၆၉)နှစ်အရွယ် သင်္ကန်းဝတ် အမျိုးသားတစ်ဦးက (၉)နှစ်အရွယ် ၄တန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရသေ့တောင်နှင့်စစ်တွေမြို့တွင် ဖြစ်သွားခဲ့သည့်အဓမ္မပြုကျင့်မှုအချို့၌ AAဖမ်းဆီးခဲ့သည့်တရားခံအချို့အား ထိရောက်သည့်ပြစ်ဒဏ်မချမှတ်ခဲ့ဟု ဝေဖန်မှုများရှိခဲ့သည်။

ထို့အပြင် အဓမ္မပြုကျင့်မှုများအား ကိုင်တွယ်မှုအပေါ် ဒေသခံများကလည်း ဝေဖန်နေကြသည်။

” အမျိုးသမီးအဖွဲ့အစည်းတွေ အားနည်းနေတယ်။ အမှုတွေကို စစ်ဆေးတာမှာအရမ်း ကြာတယ်။ စစ်ဆေးတဲ့ကာလကြာလေ၊ တရားခံက နည်းမျိုးစုံသုံးပြီး အမှုပေါ့အောင်လုပ်နေတာတွေတွေ့နေရတယ်”ဟု မင်းပြားမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အမှုဖြစ်စဉ်အချို့တွင် ကျူးလွန်ခံရသူသာ ကလေးမွေးသွားသည်အထိဖြစ်ခဲ့ပြီး ကျူးလွန်သူကို အရေးယူနိုင်ခြင်းမရှိဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးက ဝေဖန်ထားသည်။

မင်းပြားမြို့နယ်၌ဖြစ်ပွားခဲ့သည့်အမှုမှာလည်း ကျူးလွန်ခံရသူနှင့်မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသောရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁)ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။

အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်‌ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင်ကာကွယ်တားဆီး‌ပေးသည့်လုပ်ငန်းစဥ်များ ချမှတ်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

AAသည် ရခိုင်ပြည်နယ်၌ ၁၀၂၇စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။