Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ စစ်တပ်ဗုံးကြဲမှု ပြည်သူ၁၂ဦး သေ၊ ၁၄ဦး ဒဏ်ရာရ

ပြည်သူများအသွားအလာများနေချိန်တွင် စစ်တပ်က ဗုံးကြဲခြင်းဟု TNLA ထုတ်ပြန်

မိုးကုတ်မြို့ကို သြဂုတ် ၂ ရက်မနက်ပိုင်း စစ်တပ် ဗုံးကြဲပြီးနောက်မြင်ကွင်း။ဓာတ်ပုံ - TNLA

သြဂုတ်-၂၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ယနေ့(ဩဂုတ်၂ရက်) နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ ၁၂ဦးသေဆုံးပြီး ၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ယနေ့နံနက် ၈နာရီခွဲခန့်တွင် မိုးကုတ်မြို့အနောက်ပိုင်းတွင် ဒေသခံများအသွားအလာများနေချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး နှစ်လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခြင်းဟု TNLAက ထုတ်ပြန်သည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် (၁)ပါး၊ ကလေး(၁)ဦးနှင့် အမျိုးသား (၁၀)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀)အိမ်၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မြို့ကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်တစ်လအတွင်း လေကြောင်းဖြင့် အကြိမ်ရေ (၅)ကြိမ် ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၆)ဦး သေးဆုံးခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၂)ဦးနှင့် အမျိုးသား (၂၇)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၃၈)အိမ်လည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု TNLAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။