Connect with us

Hi, what are you looking for?

သတင်း

TNLAနယ်မြေ၌ ဇူလိုင်လအတွင်း စစ်တပ်တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၇ဦးသေဆုံး၊ ၈၀ကျော် ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ် လှုပ်ရှားနယ်မြေများကို စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုနှင့် နေအိမ် အဆောက်အဦးပျက်စီးမှုများစွာရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့ကို သြဂုတ် ၂ ရက်မနက်ပိုင်း စစ်တပ် ဗုံးကြဲပြီးနောက်မြင်ကွင်း။ ဓာတ်ပုံ - TNLA

ဩဂုတ်-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ် လှုပ်ရှားနယ်မြေများကို စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုနှင့် နေအိမ် အဆောက်အဦးပျက်စီးမှုများစွာရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြိုနှင့် ကွတ်ခိုင်မြို့များအား စစ်ကောင်စီတပ်၏ တိုက်ခိုက်မှု အခြေအနေကို TNLAက ယနေ့ (ဩဂုတ် ၂ရက်)တွင် ထုတ်ပြန် အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် ပြည်သူလူထု ၂၇ဦးသေဆုံးခဲ့ပြီး ၈၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

ထို့ပြင် ပြည်သူလူထု နေအိမ် ၁၁၆လုံး၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့(ဩဂုတ် ၁၂ရက်)တွင်လည်း မိုးကုတ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၁ပါး၊ ကလေး ၁ဦး အပါအဝင် ၁၂ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

တရုတ်အစိုးရ၏ ကြားဝင်စီစဉ်ပေးမှုဖြင့် TNLAနှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေးဆွေးနွေးပွဲ ယခုဩဂုတ်လအတွင်းထပ်မံ ပြုလုပ်ရန် ယခင်က သဘောတူထားသည့် အခြေအနေတွင် စစ်ကောင်စီက TNLA နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်သူ့အပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့်လုပ်ရပ်များအား TNLAက ကန့်ကွက်ရှုတ်ချထားပြီး အဆိုပါလုပ်ရပ်များ ရပ်တန့်သွားစေရေးကူညီပေးရန် တရုတ်အပါအဝင် နိုင်ငံတကာထံ TNLAက တောင်းဆိုထားသည်။

တရုတ်၏ တိုက်တွန်းမှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် ကိုးကန့်တပ်မတော်(MNDAA)ကလည်း စစ်ကောင်စီက ကွတ်ခိုင်မြို့လေကြောင်းမှဗုံးကြဲခံရမှုနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ထားရာ စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်ကို ညအချိန် တိုက်ခိုက်မှု လုပ်ရပ်သည် တရုတ်၏ တိုက်တွန်းမှုဖြင့် အကြိမ်ကြိမ် ဆွေးနွေး ရရှိခဲ့သော စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် စစ်ကောင်စီ လုပ်ရပ်ကြောင့် စစ်ပြေငြိမ်းရေးသည် စစ်မက်၏ အရိပ်အာဝါသဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် TNLAနယ်မြေကိုသာမက နိုင်ငံတဝန်း ဒေသအသီးသီး၌ ပြည်သူ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု ဖြစ်ပေါ်စေခဲ့သည့် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။