Connect with us

Hi, what are you looking for?

သတင်း

မထိန်းချုပ်နိုင်သည့်နေရာများစစ်အုပ်ချုပ်ရေးကြေညာသည့် စစ်ကောင်စီလုပ်ရပ် ဂုဏ်သိက္ခာမဲ့ဟု AA ပြော

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့ရွာများကို စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ၎င်းတို့၏ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နေဟု အသိပေးသည်။

“ဝိုင်အဟောင်းကို ဝိုင်ပုလင်းအသစ်မှာ ပြောင်းထည့်လိုက်ရုံနဲ့ အဲဒီ့ဝိုင်ရဲ့ နဂိုမူလအရသာပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အခုလည်း အလားတူ မျက်လှည့်ပြတဲ့သဘောပါပဲ”

— AA ပြောခွင့်ရ ဦးခိုင်သုခ

ဩဂုတ်-၂၊ ၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့ရွာများကို စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ၎င်းတို့၏ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နေဟု အသိပေးသည်။

စစ်ကောင်စီသည် AAသိမ်းပိုက်ထိန်းချုပ်ထားသည့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း ဇူလိုင် ၃၁ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အပေါ် AA ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ်မထိန်းချုပ်နိုင်တော့တဲ့ နေရာတွေကို စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာကတော့ သူတိုအကြမ်းဖက်စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမဲ့မှုကို ရှင်းလင်းကွက်ကွင်းစွာ ဖော်ပြနေတာဖြစ်ပါတယ်။ကျွန်တော်တိုအနေနဲ့ကတော့ သူတို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူတွေ အပေါ်မှာ ခြိမ်းခြောက်မှုဟူသမျှကို အသေအချာစောင့်ကြည့်နေပါတယ်။ လိုအပ်ရင် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီကို ဖျက်သိမ်းပြီး အသစ်ထပ်မံ ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ) ကို ဖွဲ့စည်းလိုက်သည့် လုပ်ရပ်ကြောင့်လည်း လက်ရှိ စစ်ကောင်စီ၏ ယုတ်မာ ကောက်ကျစ်မှုများ မူဝါဒများ ပြောင်းလဲမည်မဟုတ်ကြောင်း ဦးခိုင်သုခက ပြောသည်။

“ဝိုင်အဟောင်းကို ဝိုင်ပုလင်းအသစ်မှာပြောင်းထည့်လိုက်ရုံနဲ့ အဲဒီ့ဝိုင်ရဲ့ နဂိုမူလအရသာပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အခုလည်း အလားတူ မျက်လှည့်ပြတဲ့ သဘောပါပဲ။ စစ်ယူနီဖောင်းတစ်ဝက် အရပ်ဝတ်တစ်ဝက် ဖားတစ်ပိုင်း ငါးတစ်ပိုင်း လဲဝတ်လိုက်ရုံနဲ့ သူတို အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ် အောက်တန်းကျတဲ့ မူဝါဒတွေ ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အရင်ကလည်း စစ်အုပ်ချုပ်ရေး အခုလည်းစစ်အုပ်ချုပ်ရေးပါပဲ”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်သည် စကစမှ နလအသို့ မပြောင်းလဲမီကလည်း တိုင်းရင်းသားတော်လှန်ရေးတပ်များထိန်းချုပ်ရာ မြို့ရွာများရှိ ပြည်သူလူထုများကို လေကြောင်း၊လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုများ မကြာခဏ ရှိနေသကဲ့သို့ လက်ရှိတွင်လည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူသေဆုံးထိခိုက်မှုများ ဆက်လက်ရှိနေသည်။

ဇူလိုင်၃၁ရက်တွင် စစ်ကောင်စီကိုဖျက်သိမ်းပြီး ယာယီသမ္မတအဖြစ်တာဝန်ယူသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ​မြို့နယ် ၆၃မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် သုံးလသတ်မှတ်ကြေညာထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်က ၅ မြို့နယ် ၊ကယားပြည်နယ်က ၃ မြို့နယ် ၊ကရင်ပြည်နယ်က ၂ မြို့နယ် ၊ချင်းပြည်နယ်က ၇မြို့နယ် ၊စစ်ကိုင်းတိုင်းက ၉ မြို့နယ် ၊မ​ကွေးတိုင်းက ၅ မြို့နယ် ၊မန္တ​လေးတိုင်းက ၃ မြို့နယ် ၊ရခိုင်ပြည်နယ်က ၁၄ မြို့နယ် ၊ ရှမ်းပြည်နယ်က ၁၅ မြို့နယ်တို့ကို စစ်အုပ်ချုပ်​ရေး​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။