Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်ထောင်မှာထောင်ဝင်စာဖွင့်ပေးဖို့ နဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောင်းဆို

ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာထောင်ဝင်စာပို့ခွင့်ပြုဖို့ နဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် အပါအဝင် အချက် ၅ ချက်ကိုကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး ( KPPA ) က ဒီနေ့ မှာ ထုတ်ပြန်တောင်းဆိုပါတယ်။

Google Earth

သြဂုတ်-၃ ၊၂၀၂၅။ဆိုင်းမင်း၊ရဲ​ခေါင်/People’s Spring

ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာထောင်ဝင်စာပို့ခွင့်ပြုဖို့ နဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် အပါအဝင် အချက် ၅ ချက်ကိုကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး ( KPPA ) က ဒီနေ့ မှာ ထုတ်ပြန်တောင်းဆိုပါတယ်။

လွိုင်ကော်ထောင်ဟာစစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိပြီး ထောင်ဝင်စာ ပါဆယ်နဲ့ ဆေးဝါး ပို့ခွင့် ပိတ်ပင်ထားတာက ၁ နှစ်နဲ့ ၉ လ ကျော်သွားပြီလို့သိရပါတယ်။

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက်ကစတင်တဲ့ ကရင်နီတပ်ပေါင်းစုတွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ” တစ်လေးလုံး” စစ်ဆင်ရေး စတင်ချိန်မှာ စစ်ကောင်စီတပ်က အကျဉ်းထောင်ကို တင်းကြပ်လိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“အကျဥ်းထောင်ဝန်ထမ်းတွေက နယ်မြေလုံခြုံရေး၊ အကျဥ်းထောင်လုံခြုံရေးအတွက်အဓိကထားပြီး ပိတ်ထားတယ်လို့သိရပါတယ် “ လို့ PKKA အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲဒီကာလအတွင်း ထောင်ထဲက အကျဉ်းသားတွေ ဟာ အစားအသောက် နဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ မလုံလောက်ခဲ့ရာကနေ နာတာရှည်ဖျားနာတာ ၊ ယားနာရောဂါဖြစ်တာ ၊ ကိုယ်ခန္ဓာ ချိနဲ့တာ ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်ပွားတာတွေကြုံနေရတယ်လို့ KPPA က ဆိုထားပါတယ်။

ဒါကြောင့် ထောင်ဝင်စာ ပို့ခွင့် ပြန်ခွင့်ပြုပေးဖို့ ၊ မိသားစု ဝင်တွေ ပို့ပေးတဲ့ ဆေးဝါးနဲ့ အစားအသောက် လက်ခံပေးဖို့ အပါအဝင် အချက် ၅ ချက်ကိုတောင်းဆိုထားတာပါ။

အဲဒီအချက်တွေထဲမှာ အကျဉ်းသား အရေးပေါ်လူနာတွေနဲ့ နာတာရှည် ရောဂါဝေဒနာခံစားနေသူတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေဆီ ပို့ဆောင်ပေးဖို့ ၊ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု နဲ့ ဆေးဝါးတွေ လုံလုံလောက်လောက်ထားပေးဖို့ ၊ ကျန်းမာရေးစစ်ဆေးမှုတွေကိုအပတ် စဉ်ပုံမှန်စစ်ဆေးပေးဖို့ တောင်းဆိုထားတာတွေ့ရပါတယ်။

ဒါအပြင်ထောင်တွင်းကျွေးမွေး တဲ့ အစားအသောက်ပမာဏ နဲ့ အသုံးဆောင်ခံစားခွင့်တွေကို အပြည့်အဝပေးအပ်ဖို့ ၊ အကျဉ်းသားတွေကို ရိုက်နှက်ညှင်းပန်းမှုတွေကို ချက်ချင်းရပ်တန့်ဖို့ နဲ့ကျုးလွန်သူတွေကို အရေးယူဖို့ အချက်တွေလည်းတောင်းဆိုထားပါတယ်။

ငွေကြေး အခက်အခဲ ရှိတဲ့ အကျဉ်းသားတွေ ကျန်းမာရေး အရေးပေါ်ဖြစ်နေချိန်မှာ ဖမ်းဆီးထိန်းသိမ်း ထားသူတွေက ကုန်ကျ စရိတ် ကျခံပေးဖို့ အချက်လည်း တောင်းဆိုချက်ထဲ ထည့်သွင်းထားပါတယ်။

လွိုင်ကော် ထောင်မှာ အမျိုးသမီး အကျဉ်းသူ ၅၀ကျော်နဲ့ အမျိုးသား အကျဉ်းသား ၅၀၀ ကျော်ရှိပြီးအဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသူ ၂၂ ဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၁၁၈ ဦးပါဝင်တယ်လို့ သိရပါတယ်။

“အဓိကတော့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက် မှု အားနည်းတာကြောင့်ပဲ။မနှစ်ကနဲ့ ဒီနှစ်ထဲ ဆို သိရသလောက်က သုံး ယောက်ရှိပြီ ထောင်ထဲမှာ သေရတာ”လွိုင်ကော်မြို့ခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးတာ နဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပေးတာတွေကို ဒီကနေ့ (မေ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။