Connect with us

Hi, what are you looking for?

သတင်း

မြန်မာပလာဇာတွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံး

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။

သြဂုတ်-၅၊၂၀၂၅။မိထက်/People’s Spring

ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သောမြန်မာပလာဇာမှကားပါကင်တွင်အမျိုးသမီးတစ်ဦးယ​နေ့ဓားထိုးခံရပြီးသေဆုံးသွားသည်။

အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသူသည်သြဂုတ် ၅ ရက်၊ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာပလာဇာကားပါကင်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဟုကာယကံရှင်၏ဆွေမျိုးတစ်ဦးကလူမူကွန်ရက်တွင်ရေးသားထားသည်။

အမျိုးသားနှစ်ဦးက ဓားဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီးသွေးထွက်လွန်ကာဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားကြောင်းရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ညနေက ကျမတို့ ဈေးဝယ်နေတုန်း သတင်းသဲ့သဲ့ကြားတယ်။ ပြန်မယ်လုပ်တော့ ကားတွေချက်ချင်းပေးမထွက်ဘူး။ရဲတွေလည်း တွေ့တယ်”ဟု မြန်မာပလာဇာအနီး၌နေထိုင်သူတစ်ဦးကပြောသည်။

အင်းလျားကန်‌ဘောင်အနီးရှိမြန်မာပလာဇာသည်လူစည်ကားသည့် ဈေးဝယ်စင်တာဖြစ်သည်။ ၂၀၂၁ ခုနှစ်က စစ်ကောင်စီအာဏာသိမ်းစဉ် ဆန္ဒပြသူများကို ပလာဇာမှ ဝန်ထမ်းအချို့က ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့၍ လူထုက ​ထိုစင်တာသို့မသွားဘဲသပိတ်​မှောက်ခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်မှ၍ ​ဈေးဝယ်သူများပြန်လည်စည်းကားခဲ့သည်။

ယခု လူသတ်မှုနှင့်ပတ်သက်၍ မြန်မာပလာဇာဘက်ကသတင်းမထုတ်ပြန်သေးပေ။စစ်တပ်အာဏာသိမ်းမှုဂယက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊ အလုပ်လက်မဲ့လူဦးရေများပြားလာခြင်း၊ မူးယစ်​ဆေးဝါးများ​ပေါများလာခြင်း၊ စစ်တပ်ကလူမိုက်များကိုပျူ​စေားထီး ၊သတင်း​ပေးအဖြစ်​မွေးထားခြင်းစသည်တို့ကြောင့် ရန်ကုန်မြို့တွင်လုယက်မှုများ၊ရာဇဝတ်မှုများပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။