Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာဒေသရေဘေး ကလေးငယ်အပါအဝင် ၆ဦး သေဆုံး၊ နေအိမ် ၁၀၀ကျော် ပျက်စီး

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ်နယ်မြေ လိုင်ဇာဒေသ ရေဘေးကြောင့် ကလေးငယ်အပါအဝင် ၆ဦးသေဆုံးကာ နေအိမ် ၁၀၀ကျော် ပျက်စီးမှုရှိခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးသည်းထန်စွာရွာ၍ လိုင်ဇာဒေသ ရေဘေးကြုံတွေ့နေစဉ်။ ဓာတ်ပုံ - The Kachin Net

ဩဂုတ်-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ်နယ်မြေ လိုင်ဇာဒေသ ရေဘေးကြောင့် ကလေးငယ်အပါအဝင် ၆ဦးသေဆုံးကာ နေအိမ် ၁၀၀ကျော် ပျက်စီးမှုရှိခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၄ရက် မနက်အစောက ပြင်းထန်သည့် ရေကြီးမှုဖြစ်ခဲ့ရာ ဂျေယန်းစစ်ရှောင်စခန်း အပါအဝင် ဒေသတွင်းနေပြည်သူများ ရေဘေးကြုံခဲ့ရသည်။

“တချို့တွေက တအိမ်လုံးပါသွားတာပေါ့။ တချို့တွေက မီးဖိုချောင်တို့ နည်းနည်းပါးပါး ထိခိုက်တာတွေရှိတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ရေဘေးကြောင့် အမျိုးသမီး တစ်ဦး၊ အမျိုးသား လေးဦး၊ကလေးငယ် တစ်ဦး သေဆုံးခဲ့ရကြောင်း ပြောသည်။

“သူတို့ ပြေးရင်းနဲ့ ပါသွားတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိခဲ့၍အချို့ဒေသ၌ စာရင်းကောက်ယူမှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း အသိပေးသည်။ ထို့ကြောင့် ထိခိုက်ပျက်စီးမှု အရေအတွက် ပိုတိုးလာနိုင်ဟု ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၀ တပ်ဖွဲ့(UWSA) နယ်မြေ မိုင်းပေါက်ဒေသ၌လည်း လူသေဆုံးထိခိုက်မှု ရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများ၌လည်း ရေဘေးကြောင့် ကျေးရွာပေါင်း ၁၀၀ကျော် ရေဘေးကြုံနေရပြီး နေအိမ်ပျက်စီးမှု၊ လယ်ဧက သောင်းချီရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိသည်။

ပဲခူးတိုင်းအရှေ့ပိုင်းဒေသ ဖြူး၊ ရေတာရှည်၊ အုတ်တွင်း၊ ညောင်လေးပင်၊ကျောက်တံခါး ထန်းတပင် စသည့် မြို့နယ်များ၌လည်း ပြည်သူသောင်းချီရေဘေးကြုံနေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

သတင်း

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်၊ လှိုင်သာယာမြို့မှာ စတိုးဆိုင်ထဲကို ဝင်ခိုးတယ်ဆိုတဲ့ သားအမိနှစ်ဦးကို ဆိုင်ရှင်က ဖမ်းဆီးပြီး ကြိုးတုပ်ထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဆိုင်ရှင်ရဲ့လုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။

သတင်း

နောက်ဆုံးအကြိမ်တိုက်ခိုက်မှု တရုတ်လင်မယား ၂ဦး ဒဏ်ရာရ