Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက် ​ဈေးဝယ်စင်တာမှာ မလေးရှာလူငယ် နှစ်ဦးကို ထိုင်းအမျိုးသားတစ်ဦးက မီးရှို့

ကျူးလွန်သူဟာလက်​ဝှေ့သမား​ဟောင်းဖြစ်ပြီး လုံခြုံ​ရေးအလုပ်ပြုတ်လို့စိတ်ဆိုပြီး ခရီးသွား​တွေကိုတိုက်ခိုက်မိတာလို့ ရဲဆီထွက်ဆို

ကျူးလွန်သူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-Bangkok Post

သြဂုတ်-၉၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က​ဈေးဝယ်စင်တာမှာ မလေးရှား ကမ္ဘာလှည့် ခရီးသည် နှစ်ဦးကို မီးရှို့ခဲ့တဲ့ အမျိုးသားကို ရဲတွေက ဖမ်းဆီးထားကြောင်း သိရပါတယ်။

ဩဂုတ် ၇ ရက်နေ့က ဘန်ကောက်မြို့လယ်၊ Big C စျေးဝယ်စင်တာလှေကားနားမှာမလေးရှား နိုင်ငံသား အသက် ၂၆ နှစ်အရွယ် အမျိုးသားအွန်ယစ်လောင်နဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး နဲဂန်ရှောင်ဇန်တို့ကို ထိုင်းအမျိုးသားကတိုက်ခိုက်တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ဦးကို အသက် ၃၀ အရွယ် ဗာရာကောင် ပူထိုင်ဆောင်ဆိုတဲ့ အမျိုးသားက အနောက်ဖက်ကနေ တင်နာရည်နဲ့ လောင်းချခဲ့ပါတယ်။ နှစ်ယောက်သား ကြောက်လန့်တကြား ထွက်ပြေးချိန်မှာ အဲဒီ အမျိုးသားက အနောက်ကနေ ပြေးလိုက်ပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာလှည့်ခရီးသွား နှစ်ယောက်ရဲ့ ဒဏ်ရာတွေက ပြင်းထန်ပေမယ့် အခြေအနေ တည်ငြိမ်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံရုံး တာဝန်ခံ ဘွန်ယစ်ခ်ဂျူးကပြောပါတယ်။အွန်ကထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံရဲ့အထူးကြပ်မတ်ကုသဆောင်ကိုရောက်နေပြီးအမျိုးသမီးတစ်ဦးဖြစ်တဲ့ဂန်ကတော့ ချူလာလောင်ကွန်းဘုရင်ဆေးရုံမှာ​ဆေးကုသမှု ခံယူနေပါတယ်။

ကျူးလွန်သူ ဗာရာကောင်ကို စွဲချက်တင်ဖို့အတွက် နစ်နာသူ နှစ်ဦးဆီက ထွက်ချက်နဲ့တခြားအချက်အလက်တွေ ရယူဖို့ စောင့်ဆိုင်းနေကြောင်း ဘန်ကောက်မြို့၊ လွမ်ပီနီ ရဲတပ်ဖွဲ့ အကြီးအကဲ ယင်ယော့စ် ဆူဝန်နိုက ပြောပါတယ်။

ဗာရာကောင်က သူဟာ အလုပ်ပြုတ်လာတာကို စိတ်ဆိုးပြီး မဆီမဆိုင်လူငယ်နှစ်ယောက်ကို တိုက်ခိုက်ခဲ့တာလို့ ရဲတွေဆီထွက်ဆိုထားပါတယ်။ သူဟာ လက်ဝှေ့သမားဟောင်း တစ်ဦးဖြစ်ပြီး လုံခြုံရေး အစောင့်အဖြစ်က အလုပ်ပြုတ်လာခဲ့တာလို့ ဆိုပါတယ်။

သူဟာ တိုက်ခိုက်မှုအပြီး ထွက်ပြေးဖို့ ကြိုးစားပေမယ့် အနီးတဝိုက်မှာ ရှိနေသူတွေက ဝိုင်းဖမ်းပေးခဲ့ပါတယ်။ဗာရာကောင်ကို လွမ်ပီနီ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေဆဲလို့သိရပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ စျေးဝယ်စင်တာ တစ်ခုမှာ စက်လှေကား အမြင့်ကနေ ပြုတ်ကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။