Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကနေအိမ်တစ်အိမ်မှာ သားအဖလေးဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၇ ) ကနေအိမ် တစ်အိမ်မှာ သားအဖလေးဦး သေဆုံးနေမှုဖြစ်ပွားခဲ့တ​ယ်လို့ သိရပါတယ်။

သြဂုတ် – ၁၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၇ ) ကနေအိမ် တစ်အိမ်မှာ သားအဖလေးဦး သေဆုံးနေမှုဖြစ်ပွားခဲ့တ​ယ်လို့ သိရပါတယ်။

လားရှိုးမြို့ ၊ ရပ်ကွက် (၇) က နေအိမ်မှာ သြဂုတ် ၁၀ ရက် နေ့ခင်း ၂ နာရီဝန်းကျင်မှာ သေဆုံးနေတဲ့ သားအဖ လေးဦး ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာပါ။

အဲဒီသေဆုံးမှုမှာ ဖခင်ဖြစ်သူက ကလေးသုံးဦးကို ကြွက်သတ်ဆေးကျွေးပြီး သူကိုယ်တိုင်လည်း သတ်သေသွားတယ်လို့ ကနဦးသိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

“ဘာကြောင့်သေတယ်ဆိုတာ ကျွန်တော်တို့က အတိအကျ မသိရဘူးဗျ၊ လာသယ်ပေးပါဆိုလို့ သယ်ပေးရတာ၊အဖေဖြစ်သူရဲ့ အိတ်ကပ်ထဲမှာ ကြွက်သတ်ဆေးအထုပ်တွေ့တယ်ဗျ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ လားရှိုးမြို့ခံတစ်ဦးကပြောပါတယ်။

ရုပ်အလောင်းတွေဟာ သြဂုတ် ၉ ရက်က သေဆုံးကြတာလို့ အလောင်းသယ်ပေးရာမှာ ပါဝင်ခဲ့တဲ့ အဲဲဒီမြို့ခံက ခန့်မှန်းပါတယ်။ ကလေးတွေ မိခင် နေအိမ်မှာမရှိချိန် အခင်းဖြစ်ပွားခဲ့တာလို့လည်းသိရပါတယ်။

သေဆုံးသွားတဲ့ ကလေးသုံးဦးဟာ ယောကျာ်းလေးတွေဖြစ်ကြပြီး အသက် ၁၀နှစ်နဲ့၈နှစ်အရွယ်ဝန်းကျင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေကိုတွေ့မြင်ရတဲ့ ရုပ်သံအရ အိမ်ထဲက အိပ်ခန်း သုံးခန်းက ကုတင်တစ်လုံးစီပေါ်မှာ ကလေး သုံးဦး သေဆုံးနေသလို ဖခင်ဖြစ်သူကတော့ သံမန်တလင်း ပေါ်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။