Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနှင့် မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

(မြိုင်မြို့ပေါ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များအား PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(မြိုင်မြို့ပေါ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များအား PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

မေလ ၁၇ ရက် ညနေ၅ နာရီခန့်က မြိုင်မြို့ပေါ်ရှိ စစ်သား၊ ရဲနှင့်ပျူစောထီး ၁၀ ဦးခန့်ရှိသော ဒေသအခေါ် အောင်ဇော်မိုးဂိတ်အား မြိုင် ပကဖနှင့်မဟာမိတ်များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် စစ်သား သုံးဦးထက်မနည်း သေဆုံးသည်ဟု မြိုင်ပကဖက ဆိုသည်။

Public Service Announcement

Public Service Announcement

သေဆုံးစစ်သားများထံမှ လက်နက် သွားကောက် သည့် ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(မြိုင်မြို့ပေါ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များအား PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(မြိုင်မြို့ပေါ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များအား PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Video)

ထို့အပြင် မြိုင်မြို့ မီးသတ်ရုံး၌ တပ်စွဲထားသော စစ်အုပ်စုကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ အထိအခိုက်များရှိကြောင်း မြိုင်ပကဖက ပြောသည်။

“အောင်ဇော်မိုးဂိတ်က မြိုင်မြို့ပေါ် ကုန်းပေါ်မှာရှိတာ။ ပြည်သူ့အိမ်မှာတပ်စွဲထားတာ။ မျက်မြင် သုံးဦးသေတယ်။ မီးသတ်ရုံးနဲ့နှစ်နေရာတပြိုင်တည်း တိုက်တာပါ။ နှစ်နေရာကမီတာ၃၅၀ လောက်ကွာတယ်။ တစ်နာရီအေးအေးလောက်ကြာတယ်။ သူတို့နဲ့တော်တော်နီးနီးထိကပ်နိုင်ခဲ့တယ်”ဟု မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

အလားတူ မေလ ၁၆ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက်လမ်းမပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား အီနာဂါဗုံးသီး အလုံး ၂၀ချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

(မြိုင်မြို့ပေါ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များအား PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(မြိုင်မြို့ပေါ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်များအား PDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Video)

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

“အဲဒီဂိတ်က ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေကို ငွေကြေးအတောင်းကြမ်းပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ဂိတ်ပါ။ ပျူ ဒုလက်ထောက် သန့်ဇင် ဆိုတာကလည်း အလုပ်လက်မဲ့သူခိုးဂျပိုးတွေကို ပျူစောထီးအဖွဲ့ထဲဝင်ဖို့ စုဆောင်းနေတဲ့သူ။”ဟု မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြိုင်မြို့ပေါ် စစ်ဆင်ရေးကို မြိုင် ပကဖ တပ်ရင်း(၁ )၊ တပ်ရင်း(၁) တပ်ခွဲ(၃) ၊ဗိုလ်မိုက်ခဲပြည့်သူကာကွယ်ရေးတပ်ဖွဲ့၊GOEပြောက်ကြားတပ်ဖွဲ့၊လရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ဗိုလ်ထိရှပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကလည်းကောင်း၊ တင်းဂတ်ရွာဂိတ်စစ်ဆင်ရေးကို မြိုင်ပကဖ၊ Black Cobra၊ Pku Thurian၊ KMDF(Kamma Defence Force)တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook