Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်တပ်က နေအိမ်အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တခု။ ပုံဟောင်း

သြဂုတ်-၂၆၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား အင် အား ၂၀၀ ခန့်ပါဝင်ပြီး သြဂုတ် ၂၂ ရက်ကစလို့ မိုးရွှေဂူရွာနဲ့ စော်ဖျားရွာတွေကို ဝင်ရောက်စစ် ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီကျော်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်တင်ကားသုံးစီး၊ ကျင်းကားခြောက်စီး၊ ဒိုင်နာတစ်စီးအပြင် ဖောကားလေးစီးနဲ့ ထားဝယ်မြို့ပေါ်ကို တပ်ပြန်ဆုတ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အခုထိ ပြန်ထွက်နေတုန်းပဲဗျ။ FAW ကား ၄ စီးတော့ ထား၀ယ်ပြန်၀င်သွားပြီ။ ကျန်သေးတယ် တချို့” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်စစ်ကြောင်းလှုပ်ရှားမှုအပေါ် ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အခုလိုတပ်ပြန်ဆုတ်ချိန်မှာ နေအိမ်တွေကနေ ဖောက်ထွင်းခိုးယူထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဖောကားလေးစီးနဲ့ သယ်ဆောင်ပြီး ထားဝယ်မြို့ပေါ်ကို မောင်းဝင်သွားတယ်လို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

နေအိမ်တွေ မီးရှို့ ဖောက်ထွင်းခံရတဲ့ မိုးရွှေဂူနဲ့ စော်ဖျားရွာကို မဝင်ရောက်ခင်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေထိခိုက်မှုရှိ မရှိဆိုတာကိုတော့ အပြည့်အစုံမသိရသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ ထားဝယ်အခြေစိုက် ခလရ (၂၅)တပ်ကနေ ရောက်ရှိလာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကနဦးရောက်နေတဲ့ စစ်ကြောင်းတစ်ကြောင်းလည်း ထပ်ရှိသေးတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။