Connect with us

Hi, what are you looking for?

သတင်း

KTLA ရဲဘော် ၁၀ဦးကျော် KNDO တပ်ရင်း(၈)ထံ ပူးပေါင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KNDO တပ်ရင်း(၈)ထံသို့ ပူးပေါင်းလာသည့်ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ − Screen Grab

ဩဂုတ်−၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA) တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

တပ်မဟာ(၆)နယ်မြေရှိ ကော်ဘရာ စစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က KTLA ရဲဘော်များ KNDO တပ်ရင်း(၈)သို့ပြန်လာသည့် ရုပ်သံကိုဖော်ပြခဲ့ခြင်းဖြစ်သည်။

KNDO ထံသို့ ပြန်လည်ပူးပေါင်းလာသူများအနက် ၂ဦးက ကရင်ဘာသာဖြင့် ပြောပြခဲ့ရာ ထိုသို့ ပြောဆိုမှုသည် KNDO တပ်ရင်း(၈)ကို ပြန်လည်ပူးပေါင်းလာသည့် အကြောင်း ပြောပြခြင်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်က ဘာသာပြန်ရှင်းပြပေးသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းလာသူ ၁၃ဦးဝန်းကျင်ရှိဟုကြားသိရသော်လည်း အရေအတွက် အတိအကျ မပြောနိုင်ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ယခု KNDO နှင့် ပူးပေါင်းလာသူများသည် ဇူလိုင် ၁၂ရက်က ဥကရစ်ထတပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်စဉ် KNLA ပူးပေါင်းတပ်ရဲဘော်များအတွက် ထမင်းထုတ်ပေးရန် စီစဉ်နေသည့်နေရာမှ ကြက်ဥအပါအဝင် ရိက္ခာများ ဝင်ရောက်ယူဆောင်ခဲ့သူများပါဝင်သည်ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ရှေ့တန်းရဲဘော်များအတွက် ထမင်းထုတ်ပေးရန် စီစဉ်နေခြင်းကိုအရက်မူးပြီး ရိက္ခာများယူဆောင် သောင်းကျန်းခဲ့သည့် ဖြစ်စဉ်ကြောင့် KTLA ရဲဘော်များကို KNLAက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

” သူပြောသွားတာကတော့ KNLAက ထိန်းသိမ်းထားတာ ဘာမှ ထိခိုက်ဒဏ်ရာတွေမထားဘူး။ သေသေချာချာ ညီအကိုမောင်နှမလိုမျိုး ထိန်းသိမ်းပြုစုတယ် အဲဒါကြောင့်မို့လို့ ဒီဘက်ကိုပြန်ပြီးတော့ KNDO နဲ့ ပြန်ပြီး ပူးပေါင်းတာ”ဟု ကရင်သတင်းရင်းမြစ်က ရုပ်သံ၌ ပါဝင်သည့် KTLA ရဲဘော်၏ကရင်ဘာသာပြောဆိုချက်ကို ရှင်းပြသည်။

KTLAသည် ယခင်က KNDO စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက သီးခြားခွဲထွက်ဖွဲ့စည်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ ဝေါ်လေဒေသအရပ်သားများသတ်ဖြတ်ခံရမှုဖြစ်စဉ်အပေါ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို KNUကစုံစမ်းစစ်ဆေးရန် စီစဉ်ရာလက်မခံဘဲ KTLAကို ထူထောင်ခဲ့၍ ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို KNU/KNLAက ထုတ်ပယ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။