Connect with us

Hi, what are you looking for?

သတင်း

အညာမြေတပ်ပေါင်းစုကဒရုန်းတပ်ဖွဲ့စည်းပြီးနောက်ညောင်ဂျစ်ပင်ပျူစောထီးရွာ တိုက်ခိုက်

မကွေးတိုင်းအခြေစိုက် အညာမြေတပ်ပေါင်းစုက ဒရုန်းတပ် ဖွဲ့စည်းလိုက်ပြီးနောက် ပခုက္ကူမြို့နယ်မှာ စစ်ရေးအရ အရေးပါတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။

အညာမြေတပ်ပေါင်းစုမှ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − အညာမြေတပ်ပေါင်းစု

သြဂုတ်-၃၀၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

မကွေးတိုင်းအခြေစိုက် အညာမြေတပ်ပေါင်းစုက ဒရုန်းတပ် ဖွဲ့စည်းလိုက်ပြီးနောက် ပခုက္ကူမြို့နယ်မှာ စစ်ရေးအရ အရေးပါတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။

ဒရုန်းတပ် ဖွဲ့စည်းပြီးနောက် ပထမဆုံးတိုက်ခိုက်မှုအဖြစ် သြဂုတ် ၂၉ရက် နေ့လယ် ၁နာရီမှာ စစ်ကောင်စီတပ် နဲ့ပျူစောထီးတွေ အထိုင်ချထားတဲ့ ညောင်ဂျစ်ပင်ကျေးရွာကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးသီး ၃၀ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ရာမှာ သင်္ကန်းဝတ်ပျူစောထီး ဝါယမရဲ့ ကျောင်းပေါ် ​ဗုံးကျတာ တွေအပြင် ညောင်ဂျစ်ပင်ပျူစောထီးရွာက ဘန်ကာနဲ့ စစ်တန်းလျားတွေပေါ်ကျရောက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သီးခြားထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီ ပျူရွာက ပခုက္ကူ၊ ကမ္မ၊ပေါက်၊ယော၊ချင်းပြည်နယ်စတဲ့ဒေသကို ဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာရှိပါတယ်။ကားတွေဖြတ်ရင် ဘန်ကားထဲကနေ ပိုက်ဆံထွက်ကောက်တယ်။စစ်ဆေး ဖမ်းဆီးတာတွေရှိတယ်”လို့ အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူက ကိုဘိုဘိုသန့်ဇင်က ညောင်ဂျစ်ပင်ရွာနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ကျော်ရှိတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာ တိုက်ခိုက်မှုမှာ တဦးသေပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ အသိပေးပါတယ်။အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းဆဲလို့လည်း အညာမြေတပ်ပေါင်းစုက ဖော်ပြပါတယ်။

လတ်တလော စစ်ရေးအရ ပခုက္ကူခရိုင် ပေါက်မြို့နယ်မှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ ရောက်ရှိနေတဲ့အပြင် ဆိပ်ဖြူမြို့နယ်ဘက် ဦးတည်ရွေ့လျားနေတယ်လို့ အညာမြေတပ်ပေါင်းစုကအသိပေးပါတယ်။

ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတွေကို သတိထားဂရုပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ဇွန်-၁၀၊ ၂၀၂၆။ရဲခေါင်/People’s Spring “Operation Su “အဖြစ် အညာ‌မြေစစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်း နဲ့ ပြည်သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီး...

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှာ နောက်ထပ် တပ်ရင်း ၁ ရင်း၊ ဒရုန်းတပ်ဖွဲ့ ၁ဖွဲ့ထပ်မံဖွဲ့စည်းလိုက်တယ်လို့ ပြည်သူလူထုကို အသိပေးချက်ထုတ်ပြန်လာပါတယ်။

သတင်း

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့က ဒီကနေ့ (ဒီဇင်ဘာ၂ရက်)မှာ ထပ်မံပေါင်းစည်းလိုက်တယ်လို့ သတင်းရပါတယ်။