Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ပြန်စစ်သင်္ဘောအုပ်စုပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၁၁ဦးသေဆုံး

ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီတပ်များထံစစ်လက်နက်အင်အားဖြည့်တင်းပြီး နောက်ပြန်လာသည့် စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်သို့ ဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့သို့ ဆန်တက်သည့် စစ်သင်္ဘောများကို ဧရာဝတီပူး​ပေါင်းစစ်​ကြောင်းက တိုက်ခိုက်နေစဥ် ဓာတ်ပုံ-NUG MOD

စက်တင်ဘာ−၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီတပ်များထံစစ်လက်နက်အင်အားဖြည့်တင်းပြီး နောက်ပြန်လာသည့် စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်သို့ ဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။

စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်ဖြတ်သန်းစဉ် လုံခြုံရေးပေးရန် လိုက်ပါလာသည့် Y12 လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့၍ စက်တင်ဘာ ၆ရက် နှင့် ၇ရက်တွင် ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ဟု ဆိုသည်။

စစ်သင်္ဘောများ ထီးချိုင့်မြို့နယ် ဖြတ်သန်းစဉ် တိုက်ခိုက်ခံရခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခြင်း ၊လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရ၍ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှ ပြည်သူ ၅ဦး၊ ကျောက်မှော်ရွာမှ ၁ဦး၊ ဘိုကုန်းမှ ၃ဦးနှင့် ဝဲကြီးကျေးရွာမှ ပြည်သူ၂ဦးစုစုပေါင်းပြည်သူ ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ဟု Tigyaing Revolutionက အသိပေးသည်။

စစ်သင်္ဘောအုပ်စုသည်ဗန်းမော်သို့အသွားတွင်လည်းလက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ လမ်းတလျှောက် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ