Connect with us

Hi, what are you looking for?

သတင်း

ချောင်းမတိုက်ပွဲ စစ်တပ်သေဆုံးမှုများ၊ သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ တော်လှန်ရေးတပ်များ သိမ်းရ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ULFစစ်ကြောင်းမှူး ကျဆုံး

ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Union Liberation Front - ULF V 02

စက်တင်ဘာ−၁၁၊၂၀၂၅။လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာတွင် ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးကာ သုံ့ပန်းအချို့နှင့် ဒရုန်းအပါအဝင်လက်နက်ခဲယမ်းများ တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းရပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ယင်းမာပင်ခရိုင်၊ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)စစ်ကြောင်းမှူး ကျဆုံးခဲ့သည်။

ကနီမြို့နယ်အတွင်းသို့ အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ်(နမခ)မှ ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းများသည် ချောင်းမရွာသို့ရောက်ရှိနေစဉ် ယနေ့(စက်တင်ဘာ၁၁ရက်) တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခြင်းဖြစ်သည်။

“ချောင်းမတိုက်ပွဲမှာစခတွေအကုန်ပြန်ပြေးရတယ်။သုံ့ပန်းတွေလည်း ရတယ်။ ဒရုန်းတွေရော၊ လက်နက်ငယ်တွေရော၊ငါးကြင်းနှစ်လက်ပါရတယ်။ တရားဝင် ထုတ်ပြန်ဖို့ရှိတယ်”ဟု တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကိုရှေ့တန်း၌ကွပ်ကဲနေသည့် ယင်းမာပင်ခရိုင်၊ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)စစ်ကြောင်းမှူးကိုနိုင်မင်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာအပြင်းအထန်ရပြီး ကျဆုံးခဲ့သည်ဟု သိရသည်။ သတင်းအသေးစိတ်ကို ULFက ထုတ်ပြန်ခြင်းမရှိသေးပေ။

“ကိုနိုင်မင်းကျသွားတာ တော်တော်လေးဆုံးရှုံးမှုကြီးမားတယ်”ဟု ကိုနိုင်မင်း၏ ပြည်သူ့မိတ်ဆွေ ရဲဘော်တဦးက ပြောသည်။

ချောင်းမကျေးရွာရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေစဉ် စစ်ကောင်စီက Y12ဖြင့် ဗုံးကြဲရာမှ ကိုနိုင်မင်း ထိမှန်ခဲ့ခြင်းဟု သိရသည်။ ၎င်းနှင့်အတူ ရဲဘော်အချို့ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း စက်တင်ဘာလဆန်းမှစတင်၍ ကနီမြို့နယ်အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။ ချောင်းဝရွာအပါအဝင် ကျေးရွာအချို့မှနေအိမ်များမီးရှို့နေ၍ ဒေသခံပြည်သူ၂၀၀၀၀ ကျော်မှာ နေရပ်စွန့်ခွာနေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။

စစ်ကောင်စီတပ်သည် ယင်းမာပင်ခရိုင်အတွင်း ကနီအပြင် ပုလဲမြို့နယ်ကိုပါ စစ်ကြောင်းထိုးနေသည်။

ယင်းမာပင်ခရိုင်တွင် ကနီ၊ ပုလဲ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့ ပါဝင်သည်။ နှစ်မြို့နယ်စလုံးသို့ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ လုပ်နေသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။