Connect with us

Hi, what are you looking for?

သတင်း

သတင်းထောက်မုဒြာကို ULA/AAပြန်လွှတ်​ပေးဖို့သတင်းဌာန နဲ့ CPJ ​တောင်းဆို

မောင်တောအခြေစိုက် Border News Agency(BNA) သတင်းဌာနရဲ့ အမျိုးသမီးသတင်း
ထောက်မုဒြာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Border News Agency အယ်ဒီတာအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

BNA သတင်းဌာန သတင်း​ထောက် မုဒြာ။ဓါတ်ပုံ-BNA

စက်တင်ဘာ-၂၃၊ ၂၀၂၅။ People’s Spring

မောင်တောအခြေစိုက် Border News Agency(BNA) သတင်းဌာနရဲ့ အမျိုးသမီးသတင်း
ထောက်မုဒြာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Border News Agency အယ်ဒီတာအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

Border News Agencyရဲ့အမျိုးသမီးသတင်းထောက်မုဒြာကို မောင်တောမြို့နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး လာရောက်ခေါ်ဆောင်သွားပြီးနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးရုံးမှာ စစ်ဆေးနေတယ်လို့ သိရှိရကြောင်း Border News Agency က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ Border News Agency ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို People’s Spring က ဆက်သွယ်မေးမြန်းထားပြီး တုန့်ပြန်ချက်မရသေးပါဘူး။

Public Service Announcement

Public Service Announcement

အမျိုးသမီးသတင်းထောက် မုဒြာနဲ့ ပတ်သက်ပြီးနားလည်မှုလွဲမှားနေသည်များရှိပါက သက်ဆိုင် ရာပုဂ္ဂိုလ်များအနေနဲ့ ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင်နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း Border News Agencyက ဖော်ပြပါတယ်။

လာရောက်ခေါ်ဆောင်သွားကြသူတွေအနေနဲ့ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုအပေါ်မှာလူသားချင်းစာနာမှုအရလည်းကောင်း၊ နိုင်ငံတကာ ဥပဒေများကိုအလေးထား၍လည်းကောင်း ပြန်လည်ပို့ဆောင်ပေးကြဖို့ Border News Agency အယ်ဒီတာအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ဒါအပြင်သတင်း​ထောက်များကာကွယ်​ရေး​ကော်မတီ ( CPJ)ကလည်း သတင်း​ထောက်မုဒြာကို အာရက္ခတပ်​တော် (AA)အ​နေနဲ့ ချက်ချင်းလွှတ်​ပေးဖို့ စက်တင်ဘာ ၂၃ရက်မှာ ​တောင်းဆိုထားပါတယ် ။

CPJ ၏ အရှေ့တောင်အာရှရေးရာ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က “အာရက္ခတပ်မ​တော်အ​နေနဲ့ သတင်းထောက် မုဒြာကို အခုလွှတ်ပေးဖို့ နဲ့ သတင်းထောက်​အားလုံးကို ရခိုင်ပြည်နယ်မှာ လွတ်လွတ်လပ်လပ် သတင်းရယူ​ပေးပို့ခွင့်ပေးရမယ်”လို့​ပြောပါတယ်။

ဒါအပြင်သတင်းထောက်တွေကို သူတို့ရဲ့သတင်း​ပေးပို့မှု​တွေအတွက် ပစ်မှတ်ထားလက်တုံ့ပြန်တာမျိုး​တွေမလုပ်ပဲ ကာကွယ်​ပေးဖို့တာဝန်ရှိတယ်လို့​ပြောခဲ့တယ် ။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ကနှစ်ရက်ဆက် လေယာဉ်အုပ်နဲ့ဗုံးအလုံးရေခြောက်ဆယ်ကျော်ကြဲ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်နဲ့ မြို့အနီးပတ်လည်ကို အာဏာသိမ်းစစ်တပ်က ဒီက​နေ့ညမှာဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့ပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။