Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မှာ စစ်တပ်ထိုးစစ်ပြန်စ၍ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အာဏာသိမ်းစစ်တပ်က ထပ်မံထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFပူးပေါင်းတပ်မှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Sirinda

▪️KIAလက်နက်ကြီးကြောင့် အရာရှိအပါအဝင် စစ်ကောင်စီ သေဆုံးမှုရှိ

စက်တင်ဘာ−၂၆၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အာဏာသိမ်းစစ်တပ်က ထပ်မံထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းတွေကတည်းက စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားနေတာလို့ သတင်းရင်းမြစ်က ပြောပြီး စက်တင်ဘာ ၂၅ရက် ညနေပိုင်းတိုက်ပွဲမှာ စစ်တပ် အထိနာခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က ညနေပိုင်း ဗန်းမော်ဘက် ကျနော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးက သူတို့ စခတွေ စုနေတဲ့နေရာမှာ လက်နက်ကြီး ကျည် ၂လုံးကျတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်နက်ကြီး ထိလို့တပ်ရင်းမှူးလို့ ယူဆရတဲ့ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ကျော် သေဆုံးမှုရှိတယ်လို့ သတင်းရကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် အဲဒီသတင်းအချက်နဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

“မနေ့က သူတို့ တနေကုန် ထိုးစစ်လုပ်တယ်။ နေ့တိုင်း လေကြောင်း တိုက်ခိုက်မှု သုံးလေးကြိမ်လုပ်တယ်။ အခု ဗန်းမော်ကို ဗိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှုလုပ်နေတယ်။ မြစ်ကြီးနား ဖိုက်တာ ၂စီး။ သူတို့ ဘက်က ထိုးစစ်လုပ်နေတာ ၃ရက်ရှိပြီ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လဆန်းမှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ စက်လက်နက်အင်အားဖြည့်တင်းပြီး မြေပြင်ထိုးစစ်ပြန်လည်ပြုလုပ်ခဲ့လို့ ဩဂုတ်လအတွင်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပါတယ်။ လေကြောင်း၊ ဒရုန်း အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် သိမ်းထားတဲ့ နေရာအချို့ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

စစ်ကောင်စီဟာ ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသနဲ့ ဆော့လော် လန်ဆယ်ဒေသမှာလည်း ထိုးစစ်ဆင်မှုတွေလုပ်နေပေမယ့် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ အထိနာလျက်ရှိပါတယ်။

ကချင်ဒေသ စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

Trending

Facebook