စက်တင်ဘာ-၂၇၊၂၀၂၅။ သုည/People’s Spring
အမေရိကန်နိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (စက်တင်ဘာ ၂၇) မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြခြင်းကို ဒီကနေ့ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံအမတ်နေအိမ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
အမေရိကန်ရောက် မြန်မာတွေက “Free Daw Aung San Su Kyi & All Political Prisoners” ၊ “Anti Military Dictatorship & Reject The Shame Election” ၊ “Reject Junta’s Shame Election”၊ “Impose No Fly Zone” ၊ “End Deadly Air Strike in Myanmar” ၊ “Stop Helping Myanmar Military Coup” ၊ “Let’s End Military Dictatorship” စတဲ့ စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement























































