စက်တင်ဘာ-၂၈၊၂၀၂၅။ သုည/People’s Spring
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံရုံးရှေ့တို့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး၊ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အဲဒီဆန္ဒပြပွဲကို Women For Myanmar, D.C Metro Area အဖွဲ့က ဦးဆောင်ခဲ့ပြီး မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ ၂၆ နဲ့ ၂၇ တို့မှာ ၂ရက်ဆက်တိုက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အမေရိကန်ရောက် မြန်မာတွေက “Free Daw Aung San Su Kyi & All Political Prisoners” ၊ “Anti Military Dictatorship & Reject The Shame Election” ၊ “Reject Junta’s Shame Election”၊ “Impose No Fly Zone” ၊ “End Deadly Air Strike in Myanmar” ၊ “Stop Helping Myanmar Military Coup” ၊ “Let’s End Military Dictatorship” စတဲ့ စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာလည်း ကိုရီးယား-မြန်မာပူးပေါင်းဆန္ဒပြပွဲကျင်းပခဲ့ပြီး ဝဲကန်မြို့မှာ ရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ဝဲကန်နွေဦးတော်လှန်ရေးအဖွဲ့၊ MFDMC ပြည်ပထောက်ပို့၊ အသောကသုခဂူမိထောက်ပို့အဖွဲ့များတက်ရောက်ခဲ့ကာ တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက တောင်ကိုရီးယားရောက်တက်ကြွသူများအနေနဲ့ အာဏာရှင်စနစ်ဆိုးကျဆုံးသည်အထိ ပါဝင်သွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – MFDMC ၊ CJ






















































