Connect with us

Hi, what are you looking for?

သတင်း

ပလမြို့အနီး တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ်တွေ မီးရှို့ပြီး ပြည်သူတချို့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တွေ မီးရှို့ကာ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ပလမြို့မှာ တိုက်ပွဲဖြစ်ပွားပြီး​နောက် စစ်တပ်က နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၃၀၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တွေ မီးရှို့ကာ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပလမြို့လက်မလွှတ်ရရေး ခုခံလျှက်ရှိရာမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးပြီး ပလမြို့အနီးဝန်းကျင်က ကျေးရွာတွေကို ပြန်လည်ခြေကုပ်ယူရာက အဲဒီဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာလို့ သိရပါတယ်။

“သူတို့က လေကြောင်းပစ်ပြီး နယ်မြေအရင်ရှင်းတာ။ ပြီးမှ ရဲဘော်တွေအဆုတ်မှာ သူတို့က တက်လာတာမျိုး။ ကြည်းတပ်က သူတို့ ဘယ်လိုမှ တိုးမပေါက်ဘူးလေ။ လေကြောင်းပါမှ သူတို့က ရှေ့တိုးလို့ရတာ”လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလက်ရှိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဟာ ပလမြို့နဲ့ မင်းပြင်ရွာကြားကျေးရွာတွေမှာဖြစ်ပြီး တိုက်ပွဲဧရိယာထဲက မျှော့အင်းရွာ(ရပ်ကွက်ဟုလည်းခေါ်ဝေါ်)မှ နေအိမ်တွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိစစ်ရေးတင်း မာနေဆဲအခြေအနေကြောင့် နေအိမ်ဘယ်နှစ်လုံး မီးလောင်ပျက်စီးသွားလည်းဆိုတာကို မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ကျေးရွာတွေကိုဝင်ရောက်ချိန်မှာ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“၁၀ ယောက်တောင် ပါသွားတာတဲ့။ ပါတာဆွဲသွားတာ အသိတစ်ယောက်ပါသွား”လို့ ပလမြို့မှ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေကြား စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းကတည်း ထိတွေ့တိုက်ပွဲပိုမိုပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က လေးဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦးကျဆုံးတယ်လို့ စုံစမ်းသိရပေမယ့် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေက အသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လတ်တလောမှာ စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းကပါ ပြန်လည်ခုခံနေတာကြောင့် ပလမြို့အနီးချဥ်းကပ်ဖို့လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းပြင်ရွာဘက်ကို ပြန်ဆုတ်ထားရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။