Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့မှာ ကင်းလှည့်နေတဲ့ စစ်သားတွေနဲ့ ရဲတွေကို တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို တိုက်ခိုက်ရာ ခုနစ်ဦးသေပြီး လက်နက်နှစ်လက်သိမ်းရတယ်လို့ ကျောက်လုံးကြီး PDFက ထုတ်ပြန်ပါတယ်။

ကနီမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သာတွေဆီက သိမ်းရတဲ့ လက်နက်။ ဓာတ်ပုံ - KLG PDF

အောက်တိုဘာ-၈၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို တိုက်ခိုက်ရာ ခုနစ်ဦးသေပြီး လက်နက်နှစ်လက်သိမ်းရတယ်လို့ ကျောက်လုံးကြီး PDFက ထုတ်ပြန်ပါတယ်။

ဒီကနေ့(အောက်တိုဘာ ၈ရက်) နေ့လယ် ၁၂ နာရီ မိနစ် ၄၀ခန့်က ကနီမြို့စောင့်တပ်ကနေ ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကို စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“မြို့ထဲကို ကင်းပတ်တုန်း ရပ်ကွက်(၃)မှာ တိုက်ခိုက်ခဲ့တာ”လို့ ကျောက်လုံးကြီး PDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားတွေဆီက MA-1 တလက် ၊MA-11 တလက် သိမ်းရရှိတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြို့ပတ်ကင်းကို ယင်းမာပင်ခရိုင် (9+အဖွဲ့ဝင်) ဗျူဟာ (၄၅) KLG PDFရဲ့ လှုပ်ရှားတပ်စိပ် တစိပ်နဲ့ စောင့်ကြိို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်ကလည်း ကနီမြို့နယ်၊ ချောင်းမရွာက တပ်မ (၃၃) လက်အောက်ခံ ခမရ(၁၆)တပ်ရင်းက ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ တပ်သား ၁၀၀ခန့်ပါ စစ်ကြောင်းတိုက်ခံရပြီး သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေ ရှိပါတယ်။

အဲဒါအပြင် သေနတ် ၁၀လက်ထက်မနည်းသိမ်းဆည်းရရှိထားတယ်လို့ သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က အင်အား ၅၀၀ကျော်နဲ့ စစ်ကြောင်း ၂ ခုခွဲပြီး ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကို အင် စက်တင်ဘာ ၃ ရက်ကစလို့ စစ်ကြောင်းထိုးတာတွေ တပ်စွဲတာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။