Connect with us

Hi, what are you looking for?

သတင်း

ခလရ(၁၀၁)တပ်ရင်းက စစ်မှုထမ်းတပ်သားသစ်တဦး လက်နက်ယူလာပြီ KNDOထံ အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တစ်ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ K.N.D.Oတပ်‌ရင်း(၇)ထံ အလင်းဝင် ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တဦး။ဓာတ်ပုံ - KNU-MTD

အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ(၁၀၁)တပ်ရင်းက တပ်ဖွဲဝင်တပ်သား တစ်ဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ K.N.D.Oတပ်‌ရင်း(၇)ထံ အလင်းဝင် ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

အဲဒီ အလင်းဝင်လာတဲ့ တပ်သားဟာ စစ်ကောင်စီတပ် အဓမ္မ စစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ်ဖြစ်ပြီး အောက်တိုဘာ ၆ရက်က ပုလောမြို့နယ်(လယ်မူလားမြို့နယ်)အတွင်းမှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားနဲ့အတူ MA1 (၁)လက်၊ ကျည်အပါဝင် ကျည်ဘောက်(၄)ခု ပါလာတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU မြိတ်-ထားဝယ်ခရိုင် အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေထဲက စစ်မှုထမ်း တပ်သားသစ်တွေဟာ KNLA တပ်မဟာ(၄)ရဲ့ လက်အောက်ခံတပ်တွေဆီကို တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အလင်းဝင်ရောက်မှု မကြခဏရှိနေပြီး အချို့ကလက်နက်ပါသလို အချို့ကလက်နက်မပါဘဲ အလင်းဝင်လာကြတာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာ သိမ်းစစ်ကောင်စီတပ်ထဲက တပ်သားတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၄၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဒီကနေ့...

သတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ် ၂၆ဦးကို ထပ်မံဖမ်းမိထားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက ဒီကနေ့ (နိုဝင်ဘာ ၂ရက်) သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားသစ်တဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ထောက်ပို့အဖွဲ့အချို့မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။