Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပလမြို့ မင်းပြင်ရွာကို နှစ်ရက်ဆက် မီးရှို့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်ညကစပြီး လပြည့်ကျော် ၁ ရက်အထိ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

မင်းပြင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ရှိ မင်းပြင်ရွာကို စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်ညကစပြီး လပြည့်ကျော် ၁ ရက်အထိ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ပလမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်း တိုက်ပွဲဆင်နွှဲချိန် မြို့အနီး မင်းပြင်ရွာအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးရေးပြန်လည်ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ပေးခဲ့ရပါတယ်။

အဲဒီလို တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ရပြီးနောက် စစ်ကောင်စီတပ်က အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်နေ့ည ၉ နာရီကျော်မှာ မင်းပြင်ရွာမှ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လပြည့်ကျော် ၁ ရက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၇ ရက်ညပိုင်းမှာ စစ်တပ်က မင်းပြင်ရွာကို နောက်ထပ်တကြိမ်မီးရှို့ခဲ့ရာ အနည်းဆုံးနေအိမ် ၁၁ လုံးခန့် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ကျနော်တို့ ပြန်ဆုတ်လိုက်ရပြီ မင်းပြင်ကနေ။ စကစ ဘက်က နယ်မြေစိုးမိုးရေးပြန်လုပ်လာလို့ ဆုတ်ပေးခဲ့ရတာ။ အဲဒီနောက်ပိုင်း ဒီလိုတွေ ဖြစ်လာတာပဲ”လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

အခုလက်ရှိ မင်းပြင်ရွာအပါအဝင် ပလမြို့ဝန်း ကျင်မှာ စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့်ရှိနေပြီး မင်းပြင်ရွာမှာတင် အင်အား ၁၀၀ ဝန်းကျင်ရှိနေနိုင်တယ်လို့ အဲဒီရဲဘော်က ဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ မင်းပြင်ရွာမှ ပြန်ဆုတ်ပေးရပြီး နောက်တနေ့ဖြစ်တဲ့ အောက်တိုဘာ ၄ ရက်မှာပဲ စစ်တပ်က ရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အခုလက်ရှိ နှစ်ရက် ဆက်မိထပ်ရှို့ခဲ့ပြန်တာကြောင့် မင်းပြင်ရွာဟာ သုံးကြိမ်အထိ မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေအပြည့်အစုံကိုတော့ မသိရသေးပါဘူး။

“အခါကြီးရက်ကြီးမှာ မီးရှို့သူ၊ဖျက်ဆီးသူအား လုံး တူသောအကျိုးကို အချိန်မဆိုင်းဘဲ ခံစားရပါစေ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွာမီးရှို့ခံရတဲ့အပေါ် သူ့ခံစားချက်ကို ပြောပါတယ်။

ပလမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင်လနှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအထိ နေ့စဥ်နီးပါး ပစ်ခတ်တိုက် ခိုက်မှုတွေဖြစ် ပွားနေတာ နှစ်လကျော်ကြာလာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။