Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာ စစ်တပ်ကကင်းပုန်းတွေချထားပြီး ရမ်းသန်းပစ်ခတ်မှုတွေလုပ်​နေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာစစ်တပ်က ကင်းပုန်းတွေချထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ် သွားလာနေသောခရီးသည်တင်ယာဥ်များအားတွေ့ရစဥ် ဓါတ်ပုံ-CJ

အောက်တိုဘာ-၁၀ရက်၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာစစ်တပ်က ကင်းပုန်းတွေချထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကမုံရွာ-မန္တလေးလမ်းပေါ်မှာစစ်ကောင်စီတပ်ကကင်းပုန်းတွေနေရာအနှံ့ချထားကြောင်း၊နတ်ရေကန်ရွာအနီးမှာလည်း လမ်းပိတ်ထားပြီး ရေပိုးစားရွာနားမှာတော့ ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မုံရွာ-မန္တလေးလမ်းက ဒီနေ့ အခြေအနေမကောင်းဘူး။ လမ်းကြောင်းရှိပုံရတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မုံရွာမြို့ထဲကနေလည်း မိုင်းဖျက်တဲ့ဂျန်မာကားတွေထွက်လာကြောင်းဒေသခံတွေက ပြောပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းပိုင်းသတင်းနားစွင့်ပြီး အန္တရာယ်ကင်းပြီဆိုမှ သွားလာအသုံးပြုကြဖို့ ဒေသခံတွေက အကြံပြုပါတယ်။

ယခုရက်ပိုင်းအတွင်းစစ်အုပ်စုကမုံရွာ-မန္တလေးခရီးသွားယာဥ်တွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိန်းလွှတ်နေလို့ ခရီးလမ်းပိုင်း ကြန့်ကြာတာတွေ ဖြစ်ပွားနေကြောင်း ခရီးသွားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာမုံရွာ-မန္တလေးလမ်းပေါ်မှာ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို ရှေ့ကနေမောင်းခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။