Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာအတွင်း ကလေးငယ် ၃၀ကျော် အပါအဝင် ပြည်သူ ၁၈၅ဦး သေဆုံး

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းပြည်သူလူထုအပေါ် အကြမ်းဖက်မှုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာစက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၈၇ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဗုံတိုရွာ မူလတန်းကျောင်း။ ဓါတ်ပုံ-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တပ်ဖွဲ့၊ ချောင်းဦးမြို့နယ်

အောက်တိုဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းပြည်သူလူထုအပေါ် အကြမ်းဖက်မှုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာစက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၈၇ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှတ်တမ်းတွေအရစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံးပြီး ၂၈၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၃၃ ဦးပါဝင်ပါတယ်။အလားတူပဲအကြမ်းဖက်စစ်အုပ်စုဟာလူထုကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်” လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာတစ်လတည်းမှာပဲနိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း စုစုပေါင်း ၁၂ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း၁၀၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့အသက် ၁၈ နှစ်အောက်ကလေးငယ်၂၇ ယောက်အထိပါဝင်ကြောင်းဖော်ပြထားပါတယ်။အာဏာသိမ်းစစ်တပ်ဟာစစ်ရာဇဝတ်မှုတွေနဲ့အတူတခြားသောလူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကိုလည်းပြုလုပ်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေတာနဲ့ အမျှ မြေပြင်မှာ လူထုအပေါ် အကြမ်းဖက်မှုတွေလည်းဆက်တိုက်တိုးမြှင့်လုပ်ဆောင်နေကြောင်း ဖော်ပြပါတယ်။

” အကြမ်းဖက်စစ်အုပ်စုတချိန်မှာအရေးယူတာဝန်ခံရမယ့်သက်သေမှတ်တမ်းတွေပဲဖြစ်ပါတယ်။ဒါကြောင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအရေးယူခံရနိုင်ဖို အစွမ်းကုန်ကြိုးပမ်း အားထုတ်သွားမှာဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာအောက်တိုဘာပထမပတ်မှာလည်းသူတို့ လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေက ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လျက်ရှိပါတယ်။

ရှမ်းမြောက်က TNLA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေ၊ ချင်းပြည်နယ်က ချင်းညီနောင် အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေ၊ ကချင်ပြည်နယ်ကKIA ထိန်းချုပ်ထားတဲ့မြို့ရွာတွေနဲ့ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ် ဒေသတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီကလူထုကိုပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် လေကြောင်း၊ဒရုန်းနဲ့ လက်နက်ကြီးရန် ကာကွယ်ရေးဆိုင်ရာများ လိုက်နာဖို့ စစ်ရေးသတိရှိဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။