Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် စစ်တပ်ဗုံးကြဲမှု သံဃာ ၃ပါးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းဆောင် ပျက်စီး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၃ပါးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်က ဆီဆုံကျေးရွာ ဘုန်းကြီးကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၁၊၂၀၂၅၊ ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၃ပါးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက် ည၁၁နာရီကျော်မှာ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မိနစ်ပိုင်းအကွာမှာပဲ ဆီဆုံကျေးရွာကို ထပ်မံဗုံးကြဲခဲ့လို့ ဦးဇင်းတပါးနဲ့ ကိုရင် နှစ်ပါး ဗုံးစံမှန် ဒဏ်ရာတွေရခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့နယ်က ဆီဆုံကျေးရွာ ဘုန်းကြီးကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ – CJ

“လက်ပန်လှကတော့ ရွာနောက်အစွန်ကိုချသွားတာ။အထိခိုက်မရှိဘူး။ဆီဆုံကတော့ အစမှန်တွေ ရှိတယ်။မစိုးရိမ်ရဘူးလို့ သိရပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်‌‌ကောင်စီတပ်က စဉ့်ကူးမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပြီး အောက်တိုဘာ ၁၂ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ထုံးကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်အတွင်း Starlink အင်တာနက်အသုံးပြုမှုတွေလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook