Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ် ၃ဦးသေဆုံး၊၁၂ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပြီး ကန်တော့ရပ်ကွက် ကန်သုံးလုံး ဖူဆယ်ကွင်းကို ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တဲ့ ကလေးတွေဟာ အသက်(၆)နှစ်၊ အသက် (၁၀)နှစ်နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် တွေဖြစ်ပါတယ်။လေကြောင်းဗုံးကြဲခဲ့လို့ နေအိမ် (၁၁)လုံးနဲ့ ဖူဆယ်ကွင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီဟာ TNLA ထိန်းချုပ်မြို့ရွာတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေလို့ အခု အောက်တိုဘာလအတွင်း ကလေးငယ်တွေ အပါအဝင် ပြည်သူ ၄၀ ကျော်သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို အောက်တိုဘာအတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီက ဒီလို ဗုံးကြဲမှုဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဖို့ TNLAက အကြိမ်ကြိမ်နှိုးဆော်ထားပြီး ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေကြီးရေလျှံဖြစ်နေပြီး တမြို့နယ်လုံးနီးပါး ရေဘေးသင့်နေတဲ့ ဂွမြို့နယ်အတွင်းက ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းစတဲ့ လူနေကျေးရွာတွေအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော်ကြဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။