Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ - CRPH

အောက်တိုဘာ-၂၁၊ ၂၀၂၅။ People’s Spring

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ ထုတ်ပြန်လာပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် ကန့်ကွက်ပေးဖို့နဲ့ အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH ကို ကမ္ဘာ့လွှတ်တော်အသိုင်းအဝိုင်းက ဆက်လက်အသိအမှတ်ပြုရေး အချက်တွေကို အဓိကထား ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်ရှိ ပဋိပက္ခဖြေရှင်းရေးနဲ့ ရေရှည်တည်တံ့တဲ့ အဖြေရှာခြင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုတွေ ရရှိရေးကိုလည်း အဓိကထား ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၉ရက်မှာ အာရှ-ပစိဖိတ်အုပ်စု(Asia-Pacific Group)နဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကို တက်ရောက်ခဲ့သလို အောက်တိုဘာ ၂၀ ရက်မှာလည်း အမှုဆောင်ကောင်စီအစည်းအဝေး၊ ညီလာခံအစည်းအဝေးနဲ့ ညီလာခံရဲ့ General Debate အစီအစဉ်တို့ကို တက်ရောက်ခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတေးလျနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုတွေအတွင်း အကြမ်းဖက်စစ်တပ်က ဆက်လက်ကျူးလွန်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ၊ အဲဒီလုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာနေပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေနဲ့ အခြားနိုင်ငံများရှိ ရွှေ့ပြောင်းမြန်မာပြည်သူတွေရဲ့ အခြေအနေတွေ၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

IPU ဟာ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက် IPU အမှုဆောင်ကောင်စီဟာ CRPHကို အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ကာ ဒီနေ့ထိတိုင် ဆက်လက်အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က သီးခြားစီသဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဘုံရန်သူကို ချေမှုန်းနိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

သတင်း

CRPHနဲ့ NUGကိုတရားဝင် အသိအမှတ်ပြုဖို့၊စစ်တပ် ရွေးကောက်ပွဲအသိအမှတ်မပြုဖို့၊ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်တပ်ကို အရေးယူဖို့ တောင်းဆို

သတင်း

အာဏာသိမ်းစစ်အုပ်စု ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး တရားမျှတမှုမရှိဘူးဆိုတာ သိက္ခာရှိတဲ့ နိုင်ငံကြီးတွေက ရပ်တည်ပြသကြတာတွေ့ရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က ပြောပါတယ်။

Facebook