Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်း ခင်မွန်ရွာအနီးမှာ စစ်တပ်က လမ်းပိတ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းက ခင်မွန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက မုံရွာ-မန္တလေးလမ်းတွင် လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

အောက်တိုဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းက ခင်မွန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေးလမ်းပိုင်းက ခင်မွန်ရွာအနီးမှာ လမ်းပိတ်ထားလို့ ခရီးသွားယာဥ်တွေ စောင့်ဆိုင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“လမ်းပိတ်ထားတာ ၁နာရီ နီပါးခန့်ရှိပြီလို့ သိရပါတယ်။ ပိတ်ထားရတဲ့အကြောင်းအရင်းတော့မသိရပါဘူး။ တိုက်ပွဲဖြစ်ပေါ်နေခြင်းမျိုးတော့ခုချိန်ထိမရှိသေးဘူးလို့တော့သိရတယ်။”လို့ ဒေသခံတဦးက ဒိကနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ထဲက အက်ဆစ်ကန်တွဲကားတွေလည်း ထွက်ခွာလာတယ်လို့ သိရပြီး ခရီးသွားပြည်သူတွေအနေနဲ့သတိထားဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။

မနေ့ကလည်း မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေ အများအပြား ချထားခဲ့ကြောင်း၊ ခရီးသွား ပြည်သူတွေကိုလည်း မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘို-မန္တလေးလမ်းပိုင်းမှာလည်း လုံခြုံရေးအခြေအနေကြောင့် ယာဥ်တွေဖြတ်သန်းလို့ မရသေးဘဲ မြစ်ကြီးနားဘက်သွားမယ့်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းကနေတဆင့် ပတ်သွားနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့