Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ကို စစ်တပ်အင်အားဖြည့်နေလို့ ညမထွက်ရအမိန့် CDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဟားခါးမြို့တနေရာမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်လာနေလို့ အခုလို အမိန့်ထုတ်ပြန်တာဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေ ၂၀၂၆ ဇန်နဝါရီလကုန်အထိ သုံးလကျော်ကြာ ညဘက်တွေမှာ အပြင်လုံး၀ မထွက်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

CDF ဟားခါးက အခုလို အမိန့်ထုတ်ပြန်တာဟာ စစ်ရေးပိုမြင့်လာနိုင်တာကို လူထုကို ကြို သတိပေးတာ မျိုးဖြစ်နိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မြို့ထဲမှာ တခုခု လုပ်မယ်ထင်တယ်”လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်၊ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ အသက်အုံးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရပြီး အကြောက်တရားဖန်တီးကာ အတင်းအမ္ဓ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေကြောင်း CDF ဟားခါးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲအကြောင်းပြကာ အချိန်မရွေး ညသန်းကောင်အချိန်များ တွင်ပါ လူနေအိမ်များဝင်ရောက်စစ်ဆေးဖမ်းဆီးတာ၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟယာဉ်နဲ့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေကြောင်း CDF ဟားခါးက ထုတ်ပြန်ကာ ညဘက် အပြင်လုံး၀မထွက်ဖို့ တားမြစ်ခဲ့တာပါ။

“မိဘပြည်သူများအနေဖြင့် စိတ်ရှည် သတိကြီးရှိစွာ ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ဤအမိန့်လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခံရပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ပါ”လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

CDF ဟားခါးဟာ အောက်တိုဘာ ၁၆ရက်က ဟားခါးမြို့မ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ဆင်ရေး ဖောင်ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၅ဦး အပါအဝင် အကျဉ်းသား ၁၅ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။