Connect with us

Hi, what are you looking for?

သတင်း

နမခအနီး စက်တပ်လေထီးပျက်ကျမှုစုံးစမ်းနေတယ်လို့ မုံရွာပကဖ ပြော

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီရဲ့စက်တပ်လေထီး ၂စီးကို စစ်ကိုင်းတိုင်းတနေရာမှာ တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

နိုဝင်ဘာ-၁၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၁၁ရက်) ညနေ ၆နာရီဝန်းကျင် မှာ နမခကို ပြန်ဆင်းလာတဲ့ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

“မနေ့ညနေပိုင်း ၆ နာရီလောက်ကဗျ။ အဆင်းမှာ ပျက်ကျတယ်လို့ သိရတယ်။အဲနား(နမခ) ပတ်ဝန်းကျင်လို့ ပြောရမယ်။ အတည်ပြုချက်ရအောင်တော့ စုံစမ်းနေတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းသတင်းစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ WaiHinရဲ့အချက်အလက်တွေအရ မနေ့က ညနေ ၅ နာရီ ၄၅မိနစ်ဝန်းကျင်မှာ နမခကနေ ပါရာမော်တာ နှစ်စီးတက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ပါရာမော်တာ ပျက်ကျမှုနဲ့ပတ်သက်လို့ တော့ သီးခြားဖော်ပြတာမတွေ့ရပါဘူး။

“နှစ်စီးမှာ တစ်စီးက ဘုတလင်၊ကနီကိုကြဲပြီး ပြန်ဆင်းတယ်။နောက်တစ်စီး​က အရာတော်၊ မြင်းမူဘက်ကို သွားတယ်။ဒါပေမယ့် ဗုံးကြဲတာမရှိခဲ့ဘူး။အဲဒီတစ်စီးက ပျက်ကျတာ”လို့ စစ်ကိုင်း​တိုင်းစစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နမခမှာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာ ၁၀စီးဝန်းကျင်ရှိနိုင်တယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။

အခု နိုဝင်ဘာ ၆ ရက်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဗုံးလာကြဲတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးအပြန်မှာပျက်ကျပြီး စစ်သားနှစ်ဦးသေတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ် နေအပြင် မကွေး၊စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။