Connect with us

Hi, what are you looking for?

သတင်း

PDF ပူးပေါင်းတပ်ကို ဒူးထောက်လိုက်ရတဲ့တပ်မ(၃၃)

ကန့်ဘလူနဲ့ခင်ဦး မြို့နယ်မှာ စစ်ကြောင်းတခုလုံးပြုတ်သွားတဲ့ တပ်မ(၃၃)လက်​အောက်ခံတပ်ရဲ့စစ်​ကြောင်းက ဖမ်းမိထားတဲ့ စစ်သုံပန်းတွေရဲ့ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်လာပါတယ်။

Screenshot

နိုဝင်ဘာ-၁၂၊၂၀၂၅။အိမ်သွင်/People’s Spring

ကန့်ဘလူနဲ့ခင်ဦး မြို့နယ်မှာ စစ်ကြောင်းတခုလုံးပြုတ်သွားတဲ့ တပ်မ(၃၃)လက်​အောက်ခံတပ်ရဲ့စစ်​ကြောင်းက ဖမ်းမိထားတဲ့ စစ်သုံပန်းတွေရဲ့ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်လာပါတယ်။

စစ်တပ်စစ်ကြောင်းကို ဒီကနေ့(နိုဝင်ဘာ ၁၂ ရက်)မှာ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာ နဲ့ ခင်ဦး မြို့နယ် ရှားတော ရွာကြား မှာ PDF ၊ ပကဖ​နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာပါ။

ကန်ဘလူမြို့နယ်ပကဖက ဗိုလ်ပိုင်ချဲနဲ့ကာကွယ်ရေး ရဲဘော်အချို့က ရှေ့တန်းတနေရာကရုပ်သံဖိုင်ကို ဒီနေ့ညပိုင်းမှာပဲ ထုတ်ပြန်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်သုံးပန်းတွေဟာ ရွှံတွေအလိမ်းလိမ်းပေနေပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရှေ့မှာ လဲကျနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်အဖွဲ့ဝင်၊ ပျူစောထီးတွေ၊ စစ်မှုထမ်းဥပဒေနဲ့စစ်သားစစ်ဆောင်ခံရတဲ့ စစ်သင်တန်းဆင်းတွေကို ကွဲပြားအောင်မေးမြန်းစစ်ဆေးနေတာတွေ့ရပါတယ်။

တပ်မ(၃၃)ဂာ အထင်ကြီးစရာမရှိဘဲ တိုက်ခိုက်ရတာ ချွေးတောင်မထွက်ဘူးလို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ ကန့်ဘလူနယ်က နာမည်ကြီး ဘုန်းကြီးဝါသဝရဲ့ ပျုစောထီးတပ်ဖွဲ့ဝင်အများအပြားပါဝင်တယ်လို့လည်း သတင်းရရှိပါတယ်။

ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့က ” စစ်ကြောင်းလိုက် အပျောက်နော် ရူးသွားမယ်”လို့ ရေးတင်ပြီး ကနဦးသတင်းထုတ်ပြန်ထားပါတယ်။

” မြေပြင်စစ်ကြောင်း ဆိုတာမျိုးကိုတော့ အာရုံကို မလာတော့တာ။ စစ်ကိုင်းတိုင်းမယ် ထိုးတိုင်းပြုတ်ကုန်တာ အားရ ကျေနပ်ချက်ပဲ”လို့ မန္တလေးတိုင်းထဲက ကာကွယ်ရေးရဲဘော်တစ်ဦးက တပ်မ(၃၃) စစ်ကြောင်းနဲ့ကျုပ်သွားတဲ့သတင်းအပေါ် လူမှုကွန်ရက်ကနေချီးကျူးထားပါတယ်။

ကန့်ဘလူခရိုင်၊ရွှေဘိုခရိုင်​တွေမှာ စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ယနေ့ (နိုဝင်ဘာ၁၂ရက်) မှာ​တော်လှန်​ရေးတပ်​တွေကကြားဖြတ်တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းအထိနာပြီး စစ်သုံးပန်းနဲ့လက်နက်ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကလည်း ကနဦးထုတ်ပြန်ထားပါတယ်။

စစ်တပ်စစ်​ကြောင်းကို ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နဲ့ တော်လှန်ရေးအင်အားစု​တွေက ကြားဖျတ်တိုက်ခိုက်ခဲ့တာလို့​ဖော်ပြထားပါတယ် ။

ကနဦး တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ စစ်သုံ့ပန်း ၁၄ ဦး ၊ လက်နက်မျိုးစုံ ၂၀ ခန့် နဲ့ ခဲယမ်း ​တွေသိမ်းဆည်းရရှိတာကို သတင်းဓါတ်ပုံ​တွေမှာ​​တွေ့ရပါတယ်။

PDF ပူးပေါင်းတပ်ကို ဒူးထောက်လိုက်ရတဲ့တပ်မ(၃၃) နိုဝင်ဘာ-၁၂၊၂၀၂၅။အိမ်သွင်/People's Spring ကန့်ဘလူနဲ့ခင်ဦး မြို့နယ်မှာ…

Posted by People's Spring on Wednesday 12 November 2025

ရုပ်သံ- ဖြိုး​ဝေပိုင်

ဆက်စပ်သတင်းများ

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

သတင်း

ဗန်းမောက်မြို့ကိုစစ်ကောင်စီက အမှတ်(၃၃)​ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃)​အောက်ကတပ်ရင်း​တွေနဲ့အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းနယ်မြေရဲစခန်းက စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ဖမ်းမိတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။