Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းက စစ်တပ်ဂိတ်စခန်း PDF တိုက်ခိုက်၊ ပေါင်းတည်က စစ်တပ်ယာဉ်တန်းကိုလည်း မိုင်းဆွဲ

သာယာ၀တီခရိုင်မှာ ၅ရက်အတွင်း မြို့နယ်လေးခုက စစ်ကောင်စီတပ်တွေကို PDF တိုက်ခိုက်လို့ ၁၃ဦးသေ၊ လက်နက်အချို့ သိမ်းရ

တိုက်ခိုက်မှုများအတွင်း စစ်တပ်ထံက သိမ်းရသော လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေ၊ ဓာတ်ပုံ - အမှတ် -၂ စစ်ဆင်ရေးနယ်မြေ

နိုဝင်ဘာ ၂၆၊ ၂၀၂၅။ ပုရစ်၊မိုမို/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ခဲ့သလို ပေါင်းတည်မြို့နယ်က စစ်တပ် ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်းကျေးရွာရှိ စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ရက် ဒီကနေ့(နိုဝင်ဘာ ၂၆ရက်) မနက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးကာ ကျန်သူတွေ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။

စစ်တပ်ဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုတဲ့ ဆိုင်ကယ်နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ဆင်ရေးကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ်ပကဖ တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သာယာဝတီခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာကနေ ဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း အမှတ်(၃၈၀၁) တပ်ရင်းရုံး ရဲဘော်တွေက ဒီကနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက်ကလည်း ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) ရဲဘော်တွေဟာ သာယာ၀တီခရိုင် ကြို့ပင်ကောက်မြို့အဝင် စစ်ကောင်စီတပ် ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ကျော်ဇင်ထွန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးကာ ၂ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး လက်နက်အချို့ သိမ်းရခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အသိပေးထားပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းက ကျောက်ကြီးတောင် အထိုင်တပ်စခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်တင်လာတဲ့ ကားကို ဗျူဟာ (၂၁) PDF တပ်ရင်း(၃၆၀၁) တပ်ခွဲ(၅)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၂ရက်ကလည်း သာယာ၀တီခရိုင် ဇီးကုန်းမြို့နယ် KTV တခုမှာ မူးရူးနေတဲ့ စစ်တပ်လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ်တွေကို ဗျူဟာ (၂၂) တပ်ရင်း(၃၈၀၁) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးကာ လက်နက်အချို့ သိမ်းရခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။