Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကျူးလွန်တဲ့ အုတ်တွင်းနဲ့ဖြူးမြို့နယ်က စစ်ရာဇဝတ်မှု‌တွေ

ပဲခူးတိုင်း၊ အုတ်တွင်း၊ဖြူး၊ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်တွေက အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုအပါအဝင် အရပ်သား ၁၈ဦးကို သတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်_၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာနဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်သွားတဲ့ ဒေသခံအချို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ-ပဲခူးရိုးမPDF - ဗျူဟာ၂၂

နိုဝင်ဘာ၂၇၊၂၀၂၅။အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ အုတ်တွင်း၊ဖြူး၊ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်တွေက အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုအပါအဝင် အရပ်သား ၁၈ဦးကို သတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်_၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာနဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

ဖြူးနဲ့အုတ်တွင်းမြို့နယ်မှာပါတဲ့ ပဲခူးရိုးမပေါ်ကကျေးရွာတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေကျူးလွန်ခဲ့တာတွေနဲ့ ဒေသတွင်း စစ်ရေးအခြေအနေကို ဒီနေ့ နိုဝင်ဘာ၂၇ရက်ညနေပိုင်းမှာ ထုတ်ပြန်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၇ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း (၁၁၅)မိုင်အနီးက ဘုတရာဘုရားအနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေက ကျီးမနိုးကျေးရွာမှာ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် ဌာနေကရင်လူမျိုး သားအမိနှစ်ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၅ရက်ကလည်း အုတ်တွင်းမြို့နယ်က ကျေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျွန်းစိုက်ခင်း လုပ်သားမိသားစုငါးဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိစစ်ရေးအခြေနေကြောင့် ဒေသခံပြည်သူတစ်ထောင်ကျော်စစ်ဘေး ရှောင်နေကြရတယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ရှောက်ပေးထားပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တပ်ရင်းမှူး ရဲဘော်မင်းခေါင်က အသိပေးထားပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း အုတ်တွင်းမြို့နယ် ဘုတလင်ရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီး ဒေသခံတွေဟာ တောင်ငူမြို့ပေါ်ကိုထွက်ပြေးလာကြပါတယ်။

ဒါ့အပြင် မနေ့က နိုဝင်ဘာလ၂၆ရက်ကလည်းနတ်တလင်းနဲ့ ပေါင်းတည်မြို့မှာ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

နတ်တလင်းမြို့နယ် ရှားဖြူကုန်ကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂ ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် အမှတ် ၃၈၀၁ တပ်ရင်း တပ်ခွဲ (၆) နဲ့ နတ်တလင်းမြို့နယ်ပကဖက တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ဒဏ်ရသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ် ပန်းသင်းပင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အထက်ပါမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့မြို့ပေါ်တွေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ကို အားပေးအားမြှောက်ပြုနေပြီး အတုအ‌ယောင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့လှုံ့ဆော်သူတွေ၊ အားပေးကူညီသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်းပဲခူးတိုင်းစစ်ဌာနဗျူဟာ၂၂က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။