Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုမှာပါဝင်ခဲ့သူ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ မိသားစုကြား မြေကွက်ကိစ္စအငြင်းပွား

စစ်တပ်တကျော့ပြန် အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုသမ္မတ ဦးမြင့်ဆွေ ပိုင်ဆိုင်တဲ့ မန္တလေးမြို့ ရှိ မြေကွက်ကို သမက်ဖြစ်သူ က ရောင်းစားလိုက်တဲ့အတွက် ဖြေရှင်းပေးဖို့ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူက ဒီနေ့ (ဒီဇင်ဘာလ ၄ ရက်)ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာမှာကြေညာချက် ထည့်လာပါတယ်။

ဒီဇင်ဘာ – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်တပ်တကျော့ပြန် အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုသမ္မတ ဦးမြင့်ဆွေ ပိုင်ဆိုင်တဲ့ မန္တလေးမြို့ ရှိ မြေကွက်ကို သမက်ဖြစ်သူ က ရောင်းစားလိုက်တဲ့အတွက် ဖြေရှင်းပေးဖို့ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူက ဒီနေ့ (ဒီဇင်ဘာလ ၄ ရက်)ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာမှာကြေညာချက် ထည့်လာပါတယ်။

ဦးမြင့်ဆွေပိုင်တဲ့မန္တလေးမြို့၊မဟာအောင်မြို့နယ်ရှိအကွက်အမှတ် (မ-၅၉)၊ ဦးပိုင်အမှတ် (၃၁)၊ ဧရိယာ (ဝ.၁၁၀၂)အကျယ်ရှိ မြေကွက်ကို သားမက်ဖြစ်သူ က ရောင်းစားလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီမြေကွက်ကို ဦးမြင့်ဆွေက အမွေပေးခဲ့တာ ၊ လွှဲပြောင်းပေးခဲ့တာမရှိဘူးလို့လည်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မြေကွက် ဂရန်သက်တမ်း တိုးဖို့အတွက် ကိုယ်စားလှယ်လွှဲစာပေးထားချိန်မှာ သားမက်ဖြစ်သူ ဦးတာရာမြင့်ဆွေက ဦးမြင့်ဆွေရဲ့ဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးနဲ့ သားဖြစ်သူတို့ အပါအဝင် အခြားမိသားစုဝင်တွေမသိအောင် မြေကွက်ကို ရောင်းစားသွားတာလို့ကြေညာချက်မှာထည့်သွင်းထားပါတယ်။

ဒါကြောင့် ကြေညာချက် ထုတ်ပြီး ၇ ရက်အတွင်းလာရောက်ဖြေရှင်းဖို့နဲ့ မဖြေရှင်းရင်တရားစွဲမယ်လို့ ဦးမြင့်ဆွေရဲ့ ဇနီး ဒေါ်ခင်သက်ဌေးက သတင်းစာမှာ ကြေညာချက်ထည့်ထားတာပါ။

NLD အစိုးရ လက်ထက်မှာ စစ်တပ်က တင်မြှောက်တဲ့ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေဟာ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် မှာ သမ္မတ ဦးဝင်းမြင့် ဖမ်းဆီးခံရပြီးနောက် ယာယီသမ္မတ အဖြစ် နိုင်ငံကိုအရေးပေါ်အခြေ အနေကြေညာပြီး အာဏာသိမ်းမှု မှာ ပါဝင်ခဲ့တာပါ။

အဲဒီနောက်ပိုင်းကျန်းမာရေး ချို့ယွင်းလာပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကွယ်လွန်သွားပါတယ်။

အခုမြေကွက်ကိစ္စမှာပတ်သက်တဲ့ သမက်ဖြစ်သူကတော့ ဦးမြင့်ဆွေရဲ့ သမီး ဒေါ်ခင်သက်ထားဆွေရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။