Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲကိုဆန့်ကျင်​တဲ့ Sham Elections အွန်လိုင်းမဲ​ပေးမှုလေးရက်အတွင်းတစ်သန်း​ကျော်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ ဝက်ဆိုက်ဒ်မှာ လေးရက်အတွင်း မဲတစ်သန်းကျော်ရရှိထားပါတယ်။

အညာ​ဒေသမှာစစ်တပ်​ရွေး​ကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်​နေစဥ်

ဒီဇင်ဘာ-၈၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ ဝက်ဆိုက်ဒ်မှာ လေးရက်အတွင်း မဲတစ်သန်းကျော်ရရှိထားပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒမဲပေးနိုင်မယ့် https://mm-sham-elections.vercel.app ကို ဒီဇင်ဘာ ၄ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ၇ ရက်ညမှာတော့ ဆန္ဒမဲပေးသူ တစ်သန်းကျော်ရှိတာကို တွေ့ရပါတယ်။

ဝက်ဆိုက်ဒ်မှာ ဆန္ဒမဲပေးသူ‌တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လုံခြုံစွာပါဝင်နိုင်တယ်လို့ အသိပေးထားပြီး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမြင်တွေကိုလည်း ရေးသားနိုင်ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဝက်ဆိုက်ဒ်ကို နယ်စပ်အခြေစိုက် တော်လှန်ရေး အင်အားစုမှ ရဲဘော်ကျော်ကြီးက လုပ်ဆောင်ထားတယ်လို့သိရပါတယ်။

“စစ်တပ်ဘက်က ဝက်ဆိုက်ကို ဟက်လို့မရလို့ ကွန်းမန့်မှာ ဘော့တ်တွေနဲ့ ဝင်ရေးပြီး ဒီဝက်ဆိုက်ကို တိုက်ခိုက်နေပါတယ်။ ပြည်သူတွေသိအောင် များများပြောပေးကြပါ။ ပြည်သူများဝန်းရံပေးကြပါ”လို့ ဝက်‌ဆိုက်ဒ်တည်ထောင်သူ က မေတ္တာရပ်ခံထားပါတယ်။

စစ်တပ်​ထောက်ခံသူတချို့က ဒီဝက်ဆိုက်ဒ်ရဲ့လင့်ခ်ကိုယူပြီး ကျားဖြန့်လင့်ဖြစ်ကြောင်း လိမ်လည်​ရေးသားဖြန့်ချီ​နေတာကိုလည်းတွေ့ရပါတယ်။

ဒီလှုပ်ရှားမှုကို ဦး​ဆောင်ပြီးလုပ်​နေတဲ့ ရဲ​ဘော်​ကျော်ကြီးက ဒီဇင်ဘာ၁၀ ရက်မှာပြုလုပ်မယ့်အသံတိတ်သပိတ် မတိုင်ခင် ဆန္ဒမဲပေါင်း တစ်သန်းခွဲကျော်ချင်တယ်လို့မီဒီယာတွေမှာဖြေကြားထားပါတယ်။

ဒီဝက်ဆိုက်ဒ်ကို ဖုန်း ၊ ကွန်ပြူတာတစ်လုံး တစ်ကြိမ်သာ ၀င်ရောက်မဲပေးနိုင်မှာဖြစ်ပြီး မဲအရေအတွက်ကို နိုင်ငံတကာအသိုင်းအဝိုင်းသိရှိအောင် လုပ်ဆောင်မယ်လို့လည်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။