Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ထူထောင်နိုင်မှု တော်လှန်ရေးတပ်ဖွဲ့တွေ ကြိုဆို၊အတူပူးပေါင်းဆောင်ရွက်မယ်လို့အသိ​ပေး

နိုင်ငံတဝန်း ဒေသအသီးသီးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ ၁၉ဖွဲ့နဲ့ စုဖွဲလိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)ကို ကြိုဆိုထောက်ခံကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပိုခဲ့ပါတယ်။

ဒီဇင်ဘာ-၁၇၊၂၀၂၅။ဆန်အောင်/People’s Spring

နိုင်ငံတဝန်း ဒေသအသီးသီးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ ၁၉ဖွဲ့နဲ့ စုဖွဲလိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)ကို ကြိုဆိုထောက်ခံကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပိုခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့(PDO/PDA)၊ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာနဲ့ ကြိုဆိုထောက်ခံကြောင်း ကြေ

ညာချက် တွေထုတ်ပြန်ကာ SRAနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးထားကြတာပါ။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် ပြည်သူလူထု တောင်းဆိုချက်နဲ့ တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာ

ရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက် ဒရယ် ဒီမိုကရေစီစ

နစ်ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲသွားမယ်ဆိုတဲ့ ကတိကဝတ်အပါအဝင်တပ်ပေါင်းစုရဲ့ နိုင်ငံရေး စစ်ရေးဆိုင်ရာဦးတည်ချက်၊ ရည်

ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုနဲ့ အကောင်အထည်ဖော်သွားမယ့်အပေါ် ထောက်ခံကြိုဆိုကြောင်း PNFCက ဖော်ပြပါတယ်။

SRA မှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်

စီ(PNFC) ရဲ့ နိုင်ငံရေးဦးဆောင်မှု ခံယူထားတဲ့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ-ခမ်းကောင် (PNDF-KK) နဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-ခမ်းဒေါမ် (PPDF-KD)တို့လည်း ပါဝင်​နေပါတယ်။

မတရားသော စစ်အာဏာရှင်စနစ်ဆိုးကို တော် လှန်တိုက်ပွဲဝင်ရာမှာ လူမျိုးတမျိုး သို့မဟုတ် ဒေသတခု လွတ်မြောက်ရုံမျှနဲ့ လွတ်မြောက်ရေး အစစ်အမှန်မဟုတ်ဟု ခံယူထားကြောင်း PNFCက ဖော်ပြပါတယ်။

လူထုနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ဒေသနဲ့ လူမျိုးအခြေပြု တပ်ဖွဲ တွေ အဖွဲအစည်းတွေ တပ်ပေါင်းစုအသွင်ရပ်တည်ပြီး ထိရောက် အားကောင်းတဲ့ ကွပ်ကဲမှုယန္တရား ဖော်ဆောင်ပြီး တိုက်ပွဲဝင်သွားဖို ကတိကဝတ်ပြု စုစည်းနိုင်တာဟာ လူထုနွေဦးတော်လှန်ရေး အောင်မြင်စေဖိုနဲ့ ဒေသပေါင်းစုံရှိ လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ် လုံး ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်စေရေးတိုအတွက် ရှေ့ဆောင်အောင်မြင်မှု တစ်

ရပ်ဖြစ်တယ်လိုလည်း PNFC က​ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အပါအဝင် နိုင်ငံရေး တော်လှန်ရေး အဖွဲအစည်းတွေနဲ့ ဆက်လက်ပေါင်းစပ် တိုက်ပွဲဝင် တော် လှန်သွားမယ်လို ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားကြောင်း လည်း PNFCက အသိပေးခဲ့ပါတယ်။

PRA Magwayကလည်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲစည်းခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပိုခဲ့ရာ SRA ကဲ့သို တပ်ပေါင်းစုသဏ္ဍာန် ဖွဲစည်းနိုင်ခြင်းကို များစွာ ဝမ်းသာအားတက်မိကြောင်း ဖော်ပြထားပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်း အားကောင်းစွာနဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ ပေါ်ထွက်လာပေမယ့် အခုချိန်ထိ အဲဒီအင်အားစုတွေအကြား ဗဟိုထိန်းချုပ်မှုအားကောင်းကောင်းနဲ့ အမိန့်ပေးကွပ်ကဲမှု ကွင်းဆက် မရှိသေးဘဲ လစ်ဟင်းလျက်ရှိနေ တဲ့ အခြေအနေမှာ SRA ပေါ်ထွက်လာတာအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပိုခဲ့တာပါ။

ဒါ့အပြင် SRAနဲ့အတူလက်တွဲလျက် နွေဦးတော်လှန်ရေး ပြီးဆုံးတဲ့အထိ ချီတက်ကာ နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးတရားမျှတမှု ရတဲ့အထိ အသစ်သောလူဘောင်ကို တည်ဆောက် သွားမယ်လိုလည်း ကတိပြုထားပါတယ်။

SRA ဖွဲစည်းမှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပိုခဲ့ရာ အခုလို ဖွဲစည်းတဲ့အပေါ် ထောက်ခံဝန်းရံပြီး ပြည်သူ့ဒီမိုကရေစီ လက်နက်

ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး SRAအပါအဝင် တောင်တန်းမြေပြန့်ကမဟာ

မိတ်တွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်မယ်လို ဖော်ပြထားပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့(PDO/PDA)ကလည်း SRA ဖွဲ့စည်းမှုကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ SRAတပ်ပေါင်းစုမှာ ပါဝင်ဖို့ အသင့်မဖြစ်သေးပေမယ့် စစ်ရေးဆိုင်ရာနဲ့ အခြား ပူးပေါင်းလုပ်ဆောင်နိုင်မယ့် လုပ်ငန်းမှန်သမျှ ပူးပေါင်းချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)ကလည်း SRAတည်ထောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး အတူလက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးဖော်ပြပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ကလည်း SRAနဲ့ လက်ချင်းချိတ်လျက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်လို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ

News

"မန်းလေးမှာခွေးတွေ ဖိနေတာ UGတွေလည်း ခွေးခြံထိလာပစ်နိုင်တယ်ဆိုတာ Massageပေးလိုက်တာပါဗျ"ဟု ယင်းစစ်ဆင်ရေးတွင်ပါဝင်သူတစ်ဦးက ပြောသည်။

News

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၈နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ကြာမြင့်ခဲ့ကာ တပ်ပေါင်းစုမှ မြေပြင်၊ ဝေဟင်အင်အားသုံးတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။