Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကိုမဟာမိတ်တပ်ပေါင်းစုတိုက်ခိုက်

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၈နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ကြာမြင့်ခဲ့ကာ တပ်ပေါင်းစုမှ မြေပြင်၊ ဝေဟင်အင်အားသုံးတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပျူ​များကိုစစ်သင်တန်း​ပေး​နေ၍ဝင်တိုက်ခဲ့ခြင်းဖြစ်​ကြောင်း PRA ​ခေါင်း​ဆောင်​ပြော

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၈နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ကြာမြင့်ခဲ့ကာ တပ်ပေါင်းစုမှ မြေပြင်၊ ဝေဟင်အင်အားသုံးတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် ကိုမူ အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“အဲဒီရွာမှ ပျူစောထီး အယောက် ၁၀၀ နီးပါးလောက်ကို စစ်ခွေး ၄၀က ပျူသင်တန်းပေးနေတာ။အဲဒါသတင်းအတိအကျ ရတာနဲ့ ဝင်တိုက်တာ။သူတို့ ဘက်က သေဆုံးမှုများမယ်။လောလောဆယ် သတင်းတိကျအောင် လိုက်နေတုန်းမို့ အရေအတွက်မပြောနိုင်သေးတာ”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က People’s Spring သို့ ပြောသည်။

ယမန်နေ့ည တိုက်ပွဲကို အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ-ပကဖ ၊ PRA ၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့ နှင့် ပုလဲပြောက်ကျားတပ်ဖွဲ့ တို့စုပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။