Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကိုမဟာမိတ်တပ်ပေါင်းစုတိုက်ခိုက်

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၈နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ကြာမြင့်ခဲ့ကာ တပ်ပေါင်းစုမှ မြေပြင်၊ ဝေဟင်အင်အားသုံးတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

■ပျူ​များကိုစစ်သင်တန်း​ပေး​နေ၍ဝင်တိုက်ခဲ့ခြင်းဖြစ်​ကြောင်း PRA ​ခေါင်း​ဆောင်​ပြော

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၈နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ကြာမြင့်ခဲ့ကာ တပ်ပေါင်းစုမှ မြေပြင်၊ ဝေဟင်အင်အားသုံးတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် ကိုမူ အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“အဲဒီရွာမှ ပျူစောထီး အယောက် ၁၀၀ နီးပါးလောက်ကို စစ်ခွေး ၄၀က ပျူသင်တန်းပေးနေတာ။အဲဒါသတင်းအတိအကျ ရတာနဲ့ ဝင်တိုက်တာ။သူတို့ ဘက်က သေဆုံးမှုများမယ်။လောလောဆယ် သတင်းတိကျအောင် လိုက်နေတုန်းမို့ အရေအတွက်မပြောနိုင်သေးတာ”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က People’s Spring သို့ ပြောသည်။

ယမန်နေ့ည တိုက်ပွဲကို အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ-ပကဖ ၊ PRA ၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့ နှင့် ပုလဲပြောက်ကျားတပ်ဖွဲ့ တို့စုပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။