Connect with us

Hi, what are you looking for?

သတင်း

PDFနည်းဗျူဟာမှူး၊တပ်ရင်းမှူးနဲ့အဖွဲ့ကို KNLA တပ်ရင်း(၁၂) ထိန်းသိမ်းထားမှု အ​ပေါ်ညှိနှိုင်းနေ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန ၊အမှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီးနဲ့ PDF​တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၄)၊ တပ်ရင်း(၁၂)က ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်အား နှစ်ဖက်စလုံးနဲ့ ချိတ်ဆက်ညှိနှိုင်းနေကြောင်း အထူးတိုင်းစစ်ဌာန၊ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက အသိပေးပါတယ်။

အမှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူးရဲ​ဘော်​စောဒါးကို နဲ့ PDF ​တွေကို သင်တန်းဆင်းပွဲတစ်ခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-​စောဒါးကို

■ “အဆင့်ဆင့် ခေါင်းဆောင်တွေလည်းဖြစ်စဥ်တွေသိပြီဆိုတော့ မကြာခင်ပြေလည်သွားမှာပါ။ နောက် ဒီလိုဖြစ်စဥ်တွေ မဖြစ်ဖို့လည်း အများကြီး နားလည်မှု၊ သည်းခံမှုနဲ့ အပြန်အလှန် လေးစားမှုတွေလိုပါတယ်” -အထူးတိုင်းစစ်ဌာန၊ကွပ်ကဲ​ရေးမှူး -ရဲ​ဘော်​အောင်စံရှား

ဒီဇင်ဘာ-၁၇၊ ၂၀၂၅။ဆန်အောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန ၊အမှတ်(၃၃) နည်းဗျူဟာ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီးနဲ့ PDF​တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၄)၊ တပ်ရင်း(၁၂)က ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်အား နှစ်ဖက်စလုံးနဲ့ ချိတ်ဆက်ညှိနှိုင်းနေကြောင်း အထူးတိုင်းစစ်ဌာန၊ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက အသိပေးပါတယ်။

ဒီဇင်ဘာ ၁၇ရက် မနက်မှာ KNU မြိတ်-ထားဝယ်ခရိုင် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)က နည်းဗျူဟာမှူး၊ PDFထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း တပ်ရင်းမှူးနဲ့ အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်ရပ်အပေါ် တိုင်းကွပ်ကဲရေးမှူးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ တဆင့်အခုလိုအသိပေးရှင်းလင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အမှတ် (၃၃) နည်းဗျူဟာမှူး ရဲဘော်ကိုဘိတ် နဲ့ တပ်ရင်းမှူး မင်းသားကြီးတို့က စစ်ဆင်ရေးကိစ္စနဲ့ ပုံမှန်ခရီးသွားရင်း အထိန်းသိမ်းခံထိသွားတာပါ။ ပထမတစ်ခုကတော့ အလုပ်တာဝန်တွေထိခိုက်ကြတယ်၊ ပြီးတော့ယုံကြည်မှုတွေထိခိုက်ကြတယ်၊ ပြည်သူလူထု ထင်ရောင်ထင်မှားဖြစ်မယ်၊ ပြီးတော့ ခွေး( အာဏာသိမ်းစစ်တပ်)ဝမ်းသာတာပေါ့။ဖြစ်စဥ်က တနင်္သာရီတိုင်းစစ်ဌာနရဲ့တပ်ရင်း (၂) ကရဲဘော်နဲ့ တပ်မဟာ (၄) အောက်တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်နဲ့ ရဲဘော်ချင်း အချင်းများရာက စတယ်လို့သိရတယ်။ ရဲဘော်ကိုဘိတ်လည်း ဒီဖြစ်စဥ်ကိုမသိရပဲ KNLA ရဲ့ ထိန်းသိမ်းခံလိုက်ရတဲ့သဘောပါ။ အချင်းချင်းကြား အသက်အန္တရာယ်တော့ လုံးဝမရှိပါဘူး၊ စိတ်ဒဏ်ရာတော့ ရမယ်”လို့ ကွပ်ကဲ​ရေးမှူးက ရေးသားထားပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဖမ်းထားတာ ကြားရကြောင်း ပြောကြားပြီး ဖြစ်စဉ် အသေးစိတ် မသိရသေးဘူးလို့ ဒီဇင်ဘာ ၁၇ရက် ညနေ ၅နာရီခန့်မှာ People’s Spring ပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး ညှိနှိုင်းမှု အခြေအနေတွေကို ဆက်လက်မေးမြန်းထား​ပေမယ့်မသိရ​သေးပါဘူး။

အလားတူ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကိုလည်း ဒီကနေ့ ညပိုင်းမှာ ဆက်သွယ်မေးမြန်းနိုင်ဖို့ကြိုးစား​ပေမယ့်ဆက်သွယ်မရ​သေးပါဘူး။

ထားဝယ်ခရိုင် တပ်ရင်း(၂) သတင်းရင်းမြစ် တဦးကလည်း ညှိနှိုင်းနေတဲ့ အခြေအနေလို့ ပြောလို့ရပြီး ဘာကြောင့်ဖမ်းရတယ်ဆိုတာကို မသိရသေးဘူးလို့ ဒီကနေ့ ညနေပိုင်းက ပြောပြပါတယ်။

အထူးတိုင်းစစ်ဌာနတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားရဲ့ ရှင်းပြချက်မှာတော့ PDF နည်း
ဗျူဟာမှူး၊ တပ်ရင်းမှူးတွေနဲ့ KNLA တပ်ရင်းမှူးတွေ ခေါင်းဆောင်ချင်း အချင်းချင်း တွေ့ဆုံညှိနှိုင်းမှု အရင်မလုပ်ဖြစ်ကြဘဲ ရဲဘော်ကနေ တပ်ခွဲ၊ တပ်ခွဲကနေ တပ်ရင်းအဆင့်တွေပါ ပါပြီး လက်နက်သိမ်းဆည်းတာတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရမှု သတင်းဖော်ပြချက်တွေ ရှိလာပြီး အခြေအနေတွေ ပိုမိုရှုပ်ထွေးစေသလို ဖြစ်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

“နှစ်ဖက်လုံးကို တတ်နိုင်သလောက် ချိတ်ဆက် ပြောဆို ညှိနှိုင်းဖြစ်ပါတယ်။ အဆင့်ဆင့် ခေါင်းဆောင်တွေလည်းဖြစ်စဥ်တွေသိပြီဆိုတော့ မကြာခင်ပြေလည်သွားမှာပါ။ နောက် ဒီလိုဖြစ်စဥ်တွေမဖြစ်ဖို့လည်း အများကြီး နားလည်မှု၊ သည်းခံမှုနဲ့ အပြန်အလှန် လေးစားမှုတွေလိုပါတယ်။ လူငယ်တွေဆိုပေမဲ့ လက်ရုံးရည်ရော နှလုံးရည်ပါပိုသန်မာဖို့လိုပါတယ်”လို့ ရဲဘော်အောင်စံရှားက ရေးသားထားပါတယ်။

တောင်ပိုင်း KNLA နဲ့ PDF ကြားမှာ ဘာပြဿနာမှမရှိခဲ့ဖူး​ကြောင်းလည်း အသိ​ပေးပါတယ်။

“အတူတူလည်း ဆက်ရုန်းကြရဦးမယ်၊ ကြားထဲ ဖြစ်နေတာထက် ကိုယ့်လူသူ့ဘက်သား ဝင်ပြောသူတွေလည်း ရှိကြတယ်၊ သိတဲ့သူတွေက အပြုသဘောဆောင်ကြပါ၊ စိတ်ရော လူရောပဲ အားတင်းထားကြပါ”လို့ ရဲဘော်အောင်စံရှားက​တိုက်တွန်းထားပါတယ်။

ပြဿနာက ပြဿနာမဟုတ်ကြောင်း၊ ဖြေရှင်းနည်းကသာ ပြဿနာဖြစ်တာပါ လို့လည်း​ရေးသားထားပါတယ်။

PDF တပ်မှူးအချို့နဲ့ ရဲဘော်တွေ ဖမ်းဆီးခံရမှု ဖြစ်စဉ်အပေါ် အာဏာသိမ်းစစ်တပ် ဝါဒဖြန့်သူ​တွေက ပြသာနာပိုကြီးလာ​အောင် ဝါဒဖြန့်တာ၊ သွေးခွဲတာ စတဲ့ ရေးသားမှုတွေ ဆက်တိုက်လုပ်နေတာကိုလည်းတွေ့ရပါတယ်။

KNLA တပ်မဟာ(၄) နဲ့ PDF နည်းဗျူဟာ (၃၃)က PDF ​တွေဟာ အတူပူး​ပေါင်းပြီး တနသာ်ရီတိုင်းမှာ စစ်တပ်ကို တိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲ​တွေရှိများစွာရှိခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။