Connect with us

Hi, what are you looking for?

သတင်း

KNLA ထိန်းသိမ်းခဲ့တဲ့ ရဲဘော်တွေ လက်နက်နဲ့အတူ တပ်ရင်းပြန်ရောက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂)က ခေတ္တထိန်းသိမ်းခဲ့တဲ့ PDF ထားဝယ်ခရိုင် တပ်ရင်း(၂)က ရဲဘော်တွေ ဒီကနေ့ ဒီဇင်ဘာ ၁၉ရက်မှာ မိခင်တပ်ရင်းကို ပြန်ရောက်ပြီဖြစ်ကြောင်း PDF အထူးတိုင်းစစ်ဌာန ဗျူဟာ(၃၃) နည်းဗျူ ဟာမှူး ရဲဘော်စောဒါးကိုက အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာန ဗျူဟာ(၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုနဲ့ PDF ထားဝယ်ခရိုင် တပ်ရင်း(၂)က ရဲဘော်တွေ။ ဓာတ်ပုံ - Myat Ko Ko

“မဟာမိတ်ညီအကိုတွေ ၂ဖက် သဘောထားကြီးကြီးနှင့်ညှိနှိုင်းအောင်မြင်မှု့ပါ” – ရဲဘော်စောဒါးကို

ဒီဇင်ဘာ ၁၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂)က ခေတ္တထိန်းသိမ်းခဲ့တဲ့ PDF ထားဝယ်ခရိုင် တပ်ရင်း(၂)က ရဲဘော်တွေ ဒီကနေ့ ဒီဇင်ဘာ ၁၉ရက်မှာ မိခင်တပ်ရင်းကို ပြန်ရောက်ပြီဖြစ်ကြောင်း PDF အထူးတိုင်းစစ်ဌာန ဗျူဟာ(၃၃) နည်းဗျူ ဟာမှူး ရဲဘော်စောဒါးကိုက အသိပေးပါတယ်။

KNLAနဲ့ PDF အောက်ခြေရဲဘော်အချို့ အချင်းများမှု အပေါ် အခြေခံပြီး ဒီဇင်ဘာ ၁၇ရက်မှာ PDF တပ်မှူးအချို့နဲ့ ရဲဘော်တွေကို KNLA တပ်ရင်း(၁၂)က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းပြေလည်မှုရခဲ့တာပါ။ အချင်းများမှု ဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် KNU ရဲဘော်အချို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားမှုအရ KNLA တပ်ရင်း(၁၂)က ရဲဘော်ကို PDF ရဲဘော်က ရိုက်နှက်မှု ကြောင့်အခုလို ပြဿနာဖြစ်လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ပြဿနာဖြစ်ပွားမှု ပြေလည်မှုရရှိပြီဖြစ်ကြောင်း ရဲဘော်စောဒါးကိုက ဒီဇင်ဘာ ၁၈ရက်ကတည်းက အသိပေးထားပြီး ဒီကနေ့မှာ ရဲဘော်တွေ ပြန်ရောက်လာကြောင်းထပ်အသိပေးလာတာပါ။

” Happy Karen New year နှင့်အတူ ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူပြန်ရောက်ပါပြီ။ ကျနော်တို့ မဟာမိတ်ညီအကိုတွေ ၂ဖက် သဘောထားကြီးကြီးနှင့်ညှိနှိုင်း အောင်မြင်မှု့ပါ။ ဘုံရည်မှန်းချက်တူညီကြတဲ့ တော်လှန်ညီအကိုတွေအပြင် ရှေ့ဆက်လုပ်စရာတွေလည်းအများကြီးရှိပါတယ်”လို့လည်း ရဲဘော်စောဒါးကိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် မှာ ရေးသားထားပါတယ်။

တော်လှန်ရေးအတွက် ကူညီတဲ့အသံကိုသာ ကြားလိုကြောင်း ရဲဘော်စောဒါးကိုက ပြောကြားပြီး သွေးခွဲတဲ့ စကားတွေ သပ်လျှိုမှု့တွေမြင်လာရတဲ့အတွက်လည်း ရပ်သင့်ပြီလို့ ရေးသားထားပါတယ်။

” မြေပြင်မှာခက်ခဲနေကြတဲ့ ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့။ ကျနော်တို့ကသာ အသိဆုံးပါ အပြစ်ရှိတဲ့သူကိုလည်း စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်”လို့ ရဲဘော်စောဒါးကိုက အသိပေးပါတယ်။

တော်လှန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ရဲဘော်စောဒါးကိုက ထပ်လောင်းပြောကြားခဲ့ပြီး အပြန်အလှန်လေးစားမှု့တွေ ၊ အပြန်အလှန်ယုံကြည်မှု့တွေ ၊ နှလုံးသားကြီးမှုတွေနဲ့တည်ဆောက် သွားကြမယ်လို့ အသိပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားကလည်း ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ပြေလည်အောင်ဖြေရှင်းမယ်လို့ ဒီဇင်ဘာ ၁၈ရက်မနက်ကတည်းက ပြောပြထားပြီး အခုလို ဖြစ်ရတာဟာလည်း တမင်သပ်သပ် ပြဿနာဖန်တီးတာမဟုတ်ဘဲ မတော်တဆဖြစ်ပွားမှု အောက်ခြေမှာ ရင်းနှီးမှု နားလည်မှု မရှိလို့ ဖြစ်ပွားခဲ့ရတာလို့ အသိပေးထားပါတယ်။

မြေပြင်မှာ ပွတ်တိုက်မူအသေးအမွှားတွေကို အချိန်မီ အရေးယူဖြေရှင်းမူအားနည်းခဲ့လို့ အခြေအနေကိုလစ်လျူရှုတဲ့သဘော သက်ရောက်ခဲ့လို့ အခုလို ပြသနာ ဖြစ်ခဲ့ရတာလို့ ပဒိုစောအယ်နားက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။