Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းမှာ စစ်ရှိန်မြှင့်ဖို့ ရဲဘော်သစ်တွေ ပါဝင်နိုင်ကြောင်း FFDဖိတ်ခေါ်

တနင်္သာရီတိုင်းအပါအဝင် စစ်ဒေသအနှံ့အပြားမှာ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်တင်ဖို့အတွက် ရဲဘော်သစ်တွေ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း Force for Federal Democracy – FFD က ဒီကနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

Force for Federal Democracy - FFD က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - FFD

ဒီဇင်ဘာ-၂၄၊၂၀၂၅။ ဆန်အောင်/People’s Spring

တနင်္သာရီတိုင်းအပါအဝင် စစ်ဒေသအနှံ့အပြားမှာ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်တင်ဖို့အတွက် ရဲဘော်သစ်တွေ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း Force for Federal Democracy – FFD က ဒီကနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာရှင်စနစ်အား အမြစ်ဖြတ်ချေမှုန်းဖို့ ကိုယ်စွမ်း၊ဉာဏ်စွမ်းအားတွေနဲ့ ပူးပေါင်းပါဝင် နိုင်ကြောင်း ဖော်ပြထားပြီး ပူးပေါင်းပါဝင်လိုသူတွေအနေနဲ့ Page Messenger မှတဆင့်ဆက်သွယ် လျှောက်ထားနိုင် တယ်လို့ အသိပေးထားပါတယ်။

” ဒီတခေါက်အပတ်စဉ်မှာ အထူးသဖြင့် တနင်္သာရီတိုင်းက အင်သစ်အားသစ်တွေ များစွာ ပိုပြီးလိုချင်တာပေါ့။ တနင်္သာရီတိုင်းမှာ တကယ်ကြီးမားတဲ့ တော်လှန်ရေးကို အပြောင်းအလဲ ဖြစ်စေနိုင်မယ့် စစ်ပွဲတွေ ဖော်ဆောင်ဖို့ အစီအစဉ်တွေလည်းရှိတယ်။ အဲဒီအတွက်လည်း တနင်္သာရီတိုင်းက အင်သစ်အားသစ် မျိုးဆက်သစ်တွေများစွာ လိုအပ်ပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းမှာ ရဲဘော်သစ်တွေများစွာ ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျ” လို့ FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောါပတယ်။

Public Service Announcement

Public Service Announcement

ရဲဘော်သစ်အဖြစ် လျှောက်ထားလိုသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမယ်၊ အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ဖြစ်ရမယ်၊ ခက်ခဲပင်ပန်းမှုဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ရမယ်၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်ရမယ်ဆိုတဲ့ အချက်တွေ ဖော်ပြထားပြီး Telegram Link တွေ ဖြစ်တဲ့ t.me/BrunoThway နဲ့ t.me/HtinYarSai တို့ကိုဆက်သွယ်နိုင် ကြောင်း အသိပေးထားပါတယ်။

” တော်လှန်ရေးအစတုန်းကတော့ ရဲဘော်တွေရဲ့ နေရေးထိုင်ရေး စားရေးသောက်ရေး နောက်ပြီးတော့ အုပ်ချုပ်မှု စနစ်ရှိရေး၊ နောက်ပြီးတော့ တိုက်ပွဲဖော်ဆောင်နိုင်မှု မရှိခြင်း ပြီးတော့ လက်နက်ခဲယမ်း သေနတ်မရှိတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရတာဖြစ်တယ်။ အခု တော်လှန်ရေး ၅နှစ် ပြည့်ခါနီး ရောက်လာခဲ့တဲ့ အချိန်မှာ တော့ ကျနော်တို့မှာ ရဲဘော်တွေ အစားအသောက်အနေအထိုင် အခက်အခဲဆိုတာထက် တော်လှန်ရေးမှာ တကယ်လိုအပ်နေတာက အင်နဲ့ အားနဲ့ တိုက်မယ့် ရဲဘော်ရဲဘက်ကောင်းတွေ များစွာ လိုအပ်နေတာဖြစ်ပါတယ်”လို့လည်း ကိုအောင်အောင်က ပြောပါတယ်။

အခုအချိန်မှာ တော်လှန်ရေးအတွက် တကယ်လိုအပ်တာက မြေပြင်မှာလုပ်မယ့် လက်တွေပဲ ဖြစ်ကြောင်း ပြောပါတယ်။

“စားဖို့လည်း အသင့်ရှိတယ်။ တိုက်ဖို့ စစ်ဆင်ရေးလည်း အသင့်ရှိတယ်။ တိုက်ဖို့ သေနတ်လည်း အသင့်ရှိတယ်။ လိုအပ်နေတာက တက်ညီလက်ညီ တိုက်ရဲတဲ့ ရဲဘော်ရဲဘက်ကောင်းတွေပဲ လိုအပ်တော့တာဖြစ်ပါတယ်။ စုဖွဲ့မှု ကောင်းကောင်း ထောက်ပံ့မှု ကောင်းကောင်းနဲ့ အင်နဲ့အားနဲ့ အတူတူ လက်တွဲပြီးတော့ တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ဖို့ အသင့်ရှိတယ်ဆိုရင်တော့ ကျနော်တို့ တပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်”လို့ ကိုအောင်အောင်က ပြောပါတယ်။

FFDဟာ မကြာသေးမီက ဖွဲ့စည်းလိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အဖွဲ့ဝင်ဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်တွေ ၊ အခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကာ စစ်ကောင်စီတပ်စခန်းပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။