Connect with us

Hi, what are you looking for?

သတင်း

ကျောက်နီမော်ရွာတပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - LLSBF

ဒီဇင်ဘာ-၂၄၊၂၀၂၅၊မိုမို/People’s Spring

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(ဒီဇင်ဘာ ၂၃ရက်) မနက် ၁၀နာရီမှာ ကျောက်နီမော်ကျေးရွာက မိုင်ခရိုပိတ်တောင်ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိနစ် ၂၀နီးပါးကြာတဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး အပါအဝင်သုံးဦးသေပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ အကောင်းဆိုးတော့ ကြိုးစားခဲ့ပါတယ် ။ဒါပေမယ့်လိုချင်တဲ့ အနေထားထိတော့မရခဲ့ပါဘူး။လိုအပ်ချက်တွေ ပြန်ပြင်ပြီးဆက်လက်ကြိုးစားမယ်” လို့ အထက်ပါတာဝန်ရှိသူက တိုက်ပွဲ အခြေအနေကို ရှင်းပြပါတယ်။

စစ်ရေးအရှိန်မြင့်နေတဲ့ကာလဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာနေထိုင်ကြဖို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်းပါတယ်။

လောင်းလုံးမြို့နယ်က မောင်းမကန်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အင်အားဖြည့်ပြီး မြို့နယ်အတွင်း စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

နိုဝင်ဘာက လောင်းလုံးမြို့နယ်တောင်ဘက်ခြမ်းက တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်​ကောင်စီက ခမရ(၄၀၆)၊ (၄၀၉)တပ်ရင်းနဲ့ ခလရ(၂၆၇)တပ်ရင်းတွေနဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်တာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းယူမှာမို့လို့ မြို့နေလူထုအနေနဲ့ စလင်းမြို့နယ်ဘက်ကိုတိမ်းရှောင်ဖို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။

သတင်း

စစ်ကိုင်းမြို့အနောက်ခြမ်းငါးထပ်ကြီးဘုရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကိုဩဂုတ် ၁၇ ရက်ည၈နာရီခွဲဝန်းကျင်ကတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။