ဒီဇင်ဘာ-၂၆၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နေတဲ့ ပြည်သူ့ရှေ့ဆောင် (PPP)ပါတီရုံးမှာ အရက်သောက်နေတဲ့ ရုံးစောင့်ပျူစောထီးတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ပျူစောထီးရုံးစောင့်တွေ အရက်သောက်နေကြတာပါ။တိုက်ခိုက်မူက မိုင်းနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ပြေးရင်းနဲ့လက်ပစ်တစ်လုံးပါထပ်ဆော်လိုက်တယ်။အရက်ဝိုင်းဖွဲ့နေတဲ့ ပျူရုံးစောင့်တွေဘဝတော့မတွေးရဲဘူး”လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၂၅ ရက် ည ၁၁နာရီခန့်မှာ Yangon Armyနဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
အနောက်ပိုင်းခရိုင် ပကဖ ကလည်း “တရားမဝင်ရွေးကောက်ပွဲ တွင်ပူးပေါင်းပါဝင်နေသော…PPP” လို့ရေးသားပြီး ထုတ်ပြန်ထားပါတယ်။
PPP ပါတီက စစ်ကောင်စီရဲ့ ကြံ့ဖွံ့ပါတီပြီးရင် ငွေကြေးသုံးစွဲမှုအများဆုံးပါတီဖြစ်ပြီး ပါတီရုံး လုံခြုံရေး ၊ မဲဆွယ်ပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့တွေ ပျူစောထီးတွေကို ငွေကြေးနဲ့ ငှားရမ်းမှုတွေပြုလုပ်တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးပါဝင်လုပ်ကိုင်နေသူတွေကို အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
ဒီအဖွဲ့နှစ်ဖွဲ့က ဒီဇင်ဘာလထဲမှာ လှည်းကူးမြို့နယ် ကြံ့ဖွံ့ရုံးနဲ့ ကျောက်အိုင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေကို လည်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။


















































