ဇန်နဝါရီ ၁၄၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၄) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။

တော်လှန်ကျောင်းသားပြည်သူတွေက ”Boycott the fascist ELection, march for Revolution!” ၊ ”sham Election or Not, the Revolution Never stops!”၊ ”Don’t USe your vote as a License ti kill!” ၊ “Unofficial election is Unwanted ” It’s a Trap, Not an Escape!” စာသားတွေ ကိုင်ဆောင်ကာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အလိုမရှိ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ဒါ့အပြင် “ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး” ၊ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ် ရွေးကောက် သပိတ်မှောက် တော်လှန်ရေး ကို ရဲရဲလျှောက်”၊ “အတုအယောင် ရွေးကောက်ပွဲ လုပ်လည်း တော်လှန်ရေးက ဆက်ချမှာပဲ”၊ “ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်” လို့ ကြွေးကြော်ကာ ချီတက်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင် အလုပ် မအားတဲ့ကြားမှ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီ ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။


















































