Connect with us

Hi, what are you looking for?

အတွေးအမြင်

မင်းအောင်လှိုင့် သြဇာခံမယ့် ဟန်ပြလွှတ်တော်

၂၀၂၅ ခုနှောင်းပိုင်းမှာ စစ်ကောင်စီက စိတ်တိုင်းကျ ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲပြီး ပေါ်ပေါက်လာတဲ့ စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အသစ်တွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက်မှာ သြဇာအာဏာအမဲ့ဆုံး လွှတ်တော်တွေသာ ဖြစ်လာဖွယ်ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။

ကိုပါဝဲလ်​ရေးသားသည်။

၂၀၂၅ ခုနှောင်းပိုင်းမှာ စစ်ကောင်စီက စိတ်တိုင်းကျ ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲပြီး ပေါ်ပေါက်လာတဲ့ စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အသစ်တွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက်မှာ သြဇာအာဏာအမဲ့ဆုံး လွှတ်တော်တွေသာ ဖြစ်လာဖွယ်ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။

ဒီလွှတ်တော်တွေဟာ ပြည်သူ့အသံကို နားထောင်ဖို့ထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အလိုကျ ဥပဒေတွေကို အတည်ပြုပေးရမယ့် ရော်ဘာတံဆိပ် တခုလောက်ပဲ ဖြစ်နေမယ်ဆိုတာကို လွှတ်တော်တွေ မစတင်ခင် လွှတ်တော်ဥက္ကဌတွေ၊ ဒုဥက္ကဌတွေ ရွေးချယ်ကတည်းက အထင်အရှား တွေ့မြင်နေရပါတယ်။

မြန်မာ့လွှတ်တော်တွေ ရဲ့ သမိုင်းကို ပြန်ကြည့်ရင် ၂၀၁၀ ခု စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့ လွှတ်တော်တုန်းကတောင် ဒီလောက်ထိ ရုပ်ဆိုးကျည်းတန်တာမျိုး မဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းကအငြိမ်းစား ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတဖြစ်ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ လုပ်ခဲ့ကြပါတယ်။ ဦးသိန်းစိန်က ပါတီဥက္ကဌရာထူးကို သူရရွှေမန်းထံ လွှဲပေးခဲ့ပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြား သိသိသာသာ ပွတ်တိုက်မှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတမဖြစ်ခဲ့တဲ့သူရရွှေမန်းဟာလွှတ်တော်ဘက်ကနေ အုပ်ချုပ်ရေးပိုင်းကို အပြန်အလှန် ထိန်းကျောင်းဖို့ ကြိုးစားခဲ့လို့ ပါတီတွင်း အာဏာသိမ်းတဲ့အထိ ပြင်းထန်တဲ့ အားပြိုင်မှုတွေ ဖြစ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

သမ္မတရူး ရူးခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကြာမီ ရက်ပိုင်းအတွင်း အ​ရေခွံလဲပြီး သမ္မတ ဖြစ်လာတော့မှာပါ။ မတ်လ ၃၀ ရက်နေ့ကပဲ စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်ကနေ ဒုတိယသမ္မတလောင်း အဖြစ် ရွေးပေးလိုက်ပါပြီ။

သမ္မတရာထူးနေရာ အတင်းဝင်ထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ပွတ်တိုက်ခဲ့တဲ့ သမိုင်းသင်ခန်းစာကို ယူပြီး သူ့အာဏာကို ဘယ်သူမှ မလှန်နိုင်အောင်၊ ကန့်လန့်မတိုက်နိုင်အောင် အသေအချာ စီမံထားတာ တွေ့ရပါတယ်။အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီဥက္ကဌကို သမ္မတရာထူး မပေးတော့ဘဲ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်ပဲ ထားရှိပါတယ်။

ဒါတင်မကဘဲ လွှတ်တော်နှစ်ရပ်စလုံးရဲ့ အရေးကြီးတဲ့ နေရာတွေမှာ သူ့ရဲ့ သစ္စာအရှိဆုံး လူယုံတွေကိုပဲ ရွေးချယ်ခန့်အပ်ထားပါတယ်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌနေရာမှာဗိုလ်ချုပ်အငြိမ်းpား မောင်မောင်အုန်းကို ထားသလို၊ အမျိုးသားလွှတ်တော် ဥက္ကဌနေရာမှာလည်း သူ့ရဲ့ လက်ရုံးတဆူဖြစ်တဲ့ ဗိုလ်ချုပ်ကြီး​အောင်လင်း​ဒွေးကို ယူနီ​ဖောင်းအမြန်လဲ ထိုင်ခိုင်းထားတာပါတယ်။ဒါ​တွေဟာလွှတ်တော်ကို အပြည့်အဝ ချုပ်ကိုင်ထားမယ်ဆိုတာ ပြနေတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတာကလွှတ်တော်ထဲမှာ ရောက်နေတဲ့သူတွေဟာ စစ်ယူနီဖောင်းသာ ချွတ်ထားတာ ဖြစ်ပေမယ့် စစ်တပ်ရဲ့ အမိန့်နာခံမှု ယဉ်ကျေးမှုအောက်ကနေ လုံးဝ ရုန်းမထွက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီလွှတ်တော်ဟာ ဗောင်းတော်ညိတ် စိတ်တော်သိ ဆိုသလိုမျိုး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိတ်တိုင်းကျ ပြဌာန်းချင်တဲ့ ဥပဒေမှန်သမျှကို ဆွေးနွေးချင်ယောင်ဆောင်ပြီး အမြန်ဆုံး အတည်ပြုပေးရမယ့် ယန္တရားတခု ဖြစ်သွားတော့မှာပါ။

လွှတ်တော်တွေဟာ ပြည်သူတွေတွက် တကယ်အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးငြင်းခုံတာမျိုး၊ ဥပဒေပြဌာန်းတာ၊ ပြင်ဆင်တာမျိုးထက် သမ္မတ တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ အာရုံစိုက်နေကြမှာ ဖြစ်ပါတယ်။တကယ်တော့ လွှတ်တော်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းတွေရဲ့ အမှားအယွင်းတွေကို ထောက်ပြဝေဖန်နိုင်ရမယ့် နေရာမျိုးပါ။ ဒါပေမယ့် အခုလက်ရှိ မြင်တွေ့နေရတဲ့ အခင်းအကျင်းတွေအရတော့ ဒီလွှတ်တော်တွေဟာ သွားမရှိတဲ့ ကျားတစ်ကောင် (Toothless Tiger) လို ဖြစ်နေပါတယ်။

အာ​ဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာ လွှတ်တော်တွေကျင်းပမယ့်ရက်ပိုင်းအတွင်းမှာတင်ကို ဥပဒေအဟောင်းကို ပြင်ဆင်တဲ့ ဥပဒေ ၆ ခု နဲ့ ဥပဒေအသစ်၂ ခုထုတ်ပြန်ခဲ့ပါတယ်။မတ်လ ၁၆ ရက်နဲ့ ၁၈ ရက်တွေက စပြီပြည်သူ့လွှတ်တော်

နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေအသီးသီးကျင်းပနေခဲ့တာ‌တောင် မတ်လ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအသစ်နဲ့ မတ် လ ၁၈ ရက်မှာ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါသေးတယ်။

ချက်ချင်းလက်ငင်းထုတ်ပြန်စရာမလိုသေးတဲ့ ဥပဒေကိုတောင် တက်သုတ်ရိုက်ကာ ပြဌာန်းလိုက်တာဟာလွှတ်တော်ရဲ့သြဇာအာဏာဘယ်လောက်ရှိသလဲ ဆိုတာကို ညွှန်ပြနေပါတယ်။မြန်မာ့ခေတ်သစ် သမိုင်းတလျှောက်မှာ လွှတ်တော်တွေ ရှိခဲ့ဖူးပေမယ့် အခု ၂၀၂၅ ခု အလွန် ပေါ်လာတဲ့ စစ်တပ်လွှတ်တော်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာခံဟန်ပြလွှတ်တော်တခုပဲ ဖြစ်လာဖို့ အသေအချာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။