Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ စစ်တပ်ကအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး​ပြော

■သီတဂူဆရာ​တော်၊ဦးဝီရသူ ၊မဘသနဲ့ အစွန်း​ရောက်အမျိုးသားရေးဘုန်းကြီးတွေလူမျိုးတုံးသတ်ဖြတ်ဖို့ဝါဒဖြန့်ချီလှုံ့​ဆော်မှု​တွေမှာပါဝင်ခဲ့ကြောင်းသက်သေတွေနဲ့တကွICJမှာတင်ပြ

ဇန်နဝါရီ-၁၄၊၂၀၂၆။လီလီယန်/People’s Spring

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာ ရှေ့နေချုပ်လည်းဖြစ်သူ တရားရေးဝန်ကြီး မစ္စ
တာဒေါ်ဒါဂျယ်လိုက အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုတွေရဲ့ သံသရာစက်
ဝိုင်းထဲမှာ ပိတ်မိနေပုံရတယ်လို့လည်း သူက အဖွင့်လျှောက်လဲချက်မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်စဥ် စစ်တပ်ကို အမိန့်ပေးကွပ်ကဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလက်ရှိအာဏာသိမ်းစစ်ကောင်
စီခေါင်းဆောင်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေပြီး နိုင်ငံတဝန်းရှိ တိုင်းရင်းသားအုပ်စုအားလုံး မြန်မာနိုင်ငံသားတွေအပေါ် သက်ရောက်တဲ့ အ
ကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပျံ့နှံ့သွားကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားပါတယ်။

“ဘယ်သူမှ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာ
ဇဝတ်မှုတွေအတွက် အရေးယူခံရတာ၊ တာဝန်ခံရတာ မရှိသေးပါဘူး။ တကယ်တော့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်
သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့ အတင့်ရဲလာတော့တာပါပဲ”လို့ ဂမ်ဘီယာဝန်ကြီးက ပြောပါတယ်။

လက်ရှိအမှုမှာ မြန်မာနိုင်ငံရဲ့ ပထမကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လွတ်လပ်ခွင့်တွေ ပိတ်ပင်ခံထားရကြောင်း ကမ္ဘာ့တရားရုံး ICJ မှာ ဂမ်ဘီယာဝန်ကြီးက ဆက်ပြောပါတယ်။

ဂမ်ဘီယာရဲ့ ရှေ့နေဖြစ်သူ မစ္စတာအာဆလန်ဆူလေမန်ကလည်း လက်ရှိ အာဏာသိမ်းစစ်ကောင်
စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့စစ်တပ်၊ အစိုးရဝန်ကြီးဌာနတွေ၊ နိုင်ငံရေးပါတီတွေဟာ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ခဲ့ကြကြောင်း ရုံးတော်မှာ လျှောက်လဲပါတယ်။ အဲဒီဝါဒဖြန့်ချိခဲ့ရာမှာ ဝီရသူ၊ သီတဂူအပါအဝင် မဘသအဖွဲ့နဲ့ အစွန်းရောက်အမျိုးသားရေးဘုန်းကြီးတွေပါဝင်ခဲ့ကြောင်လည်း
သက်သေတွေနဲ့တကွ တင်ပြပါတယ်။အဆိုပါဘုန်းကြီး​တွေ၊အမျိုးသား​ရေးအစွန်း​ရောက်​တွေဟာစစ်တပ်အာဏာသိမ်းတာမှာလည်း​ထောက်ခံအား​ပေးတဲ့အင်အားစု​တွေဖြစ်​နေပါတယ်။စစ်တပ်
ကအာဏာသိမ်းပြီး ​နေစဥ့်ပြည်သူ​တွေကိုသတ်
ဖြတ်အကြမ်းဖက်မှု​တွေကို သူတို့ကလျစ်လျူရှုထားကြပါတယ်၊

၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်
ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို ဂမ်ဘီယာရှေ့နေက ရုံးတော်မှာ ကိုးကားရှင်းလင်းခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်
ချက်မှာ သံသယဖြစ်စရာ မလိုဘူးလို့ လျှောက်လဲပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ သင်ကြားရေးအစီအစဥ်တွေ၊ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဦးစီးဌာနက ဖြန့်ချိခဲ့တဲ့ စာတမ်းတွေမှာ သမိုင်းကြောင်းဆိုင်ရာ ပုံဖျက်မှုတွေ၊ အချက်အလက်အမှားတွေ ထည့်သွင်းပြောကြားပြီး ရိုဟင်ဂျာမုန်းတီးရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း မစ္စတာ ဆူလေမန်က ရုံးတော်ကို လျှောက်လဲပါတယ်။

၂၀၁၈ ခုနှစ်မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂရုံးအများအပြားဆီကို ရိုဟင်ဂျာဆန့်ကျင်ရေးသတင်းစကားတွေပါဝင်တဲ့ ဝါဒဖြန့်ချိရေးရုပ်သံဖိုင်လင့်ခ်တွေကိုပေးပို့ခဲ့တယ်လို့​လျှောက်လဲခဲ့ပါတယ်။

စစ်တပ်ဟာ ရိုဟင်ဂျာတွေကို လက်မခံတဲ့ အ
စွန်းရောက်ဘုန်းကြီးတွေ ပေါ်ထွက်လာဖို့အတွက် ပံ့ပိုးကူညီခဲ့သလို စစ်ခေါင်းဆောင်တွေဟာ အဲဒီလို ဘုန်းကြီးတွေကို ငွေကြေး ထောက်ပံ့မှုနဲ့ လက်
ဆောင်တွေ ပေးအပ်ချဥ်းကပ်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေက ပြောပါတယ်။

အဲဒီလိုလုပ်ရပ်တွေက ဘာသာရေးအစွန်းရောက်ဘုန်းကြီးတွေဟာစစ်တပ်ကောင်းကြောင်းဝါဒဖြန့်ချိရေးနဲ့ ဘာသာရေးတွေအကြား အမုန်းတရားပြန့်ပွားရေးတို့ကို လူထုအကြား အရှိန်မြှင့်လာစေခဲ့တယ်လို့ လည်း​ပြောခဲ့ပါတယ်။

ဂမ်ဘီယာရှေ့နေရဲ့ လျှောက်လဲချက်ထဲမှာ မဘသအဖွဲ့ရဲ့အထင်ရှားဆုံးဖြစ်တဲ့ အရှင်ဝီရသူအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့ဂုဏ်သိက္ခာကင်းမဲ့စေတဲ့ အသုံးအနှုန်းတွေကို ရင့်ရင့်သီးသီး ပြောဆိုခဲ့မှုတွေလည်း ပါပါတယ်။ စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၃ ခုနှစ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝီရသူကို သီရိပျံချီဘွဲ့ ဆပ်ကပ်ခဲ့တာကိုလည်း ဂမ်ဘီယာရှေ့နေက ရုံးတော်ကိုထည့်သွင်းလျှောက်လဲပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အထင်ရှားဆုံး သီတဂူဆရာတော်ကလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာမှာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကာလအတွင်း တရားဟောကြားခဲ့ပြီး အဲဒီတရားဟောကြားမှုမှာ ဘာသာမဲ့၊ မကောင်းဆိုးဝါး စစ်သည် ၅ သိန်းကို သတ်ဖြတ်ခဲ့တဲ့ ရှင်ဘုရင်ကို မစိုးရိမ်ဖို့နဲ့ သေးငယ်တဲ့အပြစ်သာဖြစ်တယ်လို့ ​ဟောခဲ့တဲ့တရားကို နမူနာပြခဲ့ပါတယ်။ သီတဂူရဲ့တရားမှာ ပါဝင်တဲ့ ရှင်ဘုရင် သတ်ဖြတ်ခဲ့သူတွေဟာ ဗုဒ္ဓ
ဘာသာတစ်ဦးမျှ မပါဝင်ဘဲ သူတို့ဟာ ဗုဒ္ဓအဆုံး
အမကို လိုက်နာသူတွေမဟုတ်ကြောင်း၊ ဒါကြောင့် သူတို့ဟာ အကောင်း၊ အဆိုးကို မသိရှိကြောင်း ပါဝင်ပါတယ်။ အဲဒီလို အဆိုး၊အကောင်း မသိခြင်းဟာ တိရိစ္ဆာန်တွေသာဖြစ်ကြောင်းလည်း သီတဂူက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ထဲမှာဟောကြားခဲ့တာပါ။အဲဒီလို​ဟော​ပြောခဲ့မှု​ကြောင့်ပြည်သူ​တွေထဲမှာ သီတဂူဆရာ​တော်ကို ​ဝေဖန်မှု​တွေရှိခဲ့ပါတယ် ။

၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး ဒုတိ
ယလှိုင်းအတွင်း စစ်သားတွေရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ ‘အမျိုးပြုတ်အောင် သတ်ပစ်၊ တစ်ဦးမှ အရှင်မထားနဲ့၊ အကုန်သတ်ပစ်’ စတာတွေကလည်း ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်တယ်လို့ ဂမ်ဘီယာရှေ့နေက ရုံးတော်ကို လျှောက်လဲပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူစာချုပ်ကိုမြန်မာနိုင်ငံကကျူးလွန်တယ်ဆိုကာဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက စွဲဆိုခဲ့တဲ့အမှုနဲ့ပတ်သက်လို့ ICJ က ဇန်နဝါရီ ၁၂ရက်ကစပြီး နှစ်ဖက်ကြားနာမှုတွေ ပြန်လုပ်​နေတာပါ။

ICJ ရဲ့အခုတကြိမ်ကြားနာမှုဟာသီတင်းပတ် သုံး ပါတ်ကျော် ကြာမြင့်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်
စားလှယ်အဖြစ် အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်
ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင် လျှောက်လဲကြမှာဖြစ်ပါတယ်။

(ICJ မှာဂမ်ဘီယာ​အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်​ကောင်စီ ကိုယ်စားလှယ်​အဖွဲ့။ဓါတ်ပုံ-ICJ )

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အမြင်အာရုံ ချွတ်ယွင်းနေတဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးကို နယ်စပ် လုံခြုံရေး အေးဂျင့်တွေက မိသားစုဆီ သေချာ မအပ်နှံဘဲ ပြန်လွှတ်ပေးခဲ့ရာက သေဆုံးသွားခဲ့ပါတယ်။

သတင်း

နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဒီကနေ့ (ဇန်နဝါရီ ၃၀)မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။