Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံပေါင်း ၇၅ ခုရဲ့ ရွှေ့ပြောင်းဝင်ရောက်ခွင့်ဗီဇာတွေကို အမေရိကန်ဆိုင်းငံ့

အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်ခွင့် ဆိုင်းငံ့ခံရတဲ့ နိုင်ငံတွေ စာရင်းကို ၇၅ ခုထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဇန်နဝါရီ-၁၅၊၂၀၂၆။People’s Spring

အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်ခွင့် ဆိုင်းငံ့ခံရတဲ့ နိုင်ငံတွေ စာရင်းကို ၇၅ ခုထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၄ ရက် ကြေညာချက်မှာတော့ စနစ်ရဲ့ လျော့ရဲမှုတွေကို အခွင့်ကောင်းယူပြီး အမေရိကန်ရဲ့ ကြွယ်မှုဝတွေကို လာရောက်အမြတ်ထုတ်မှုတွေကို တားဆီးဖို့အခုလို ဆုံးဖြတ်ခဲ့တာလို့ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အရ အဲဒီနိုင်ငံ ၇၅ ခုရဲ့ နိုင်ငံသားတွေဟာ အမေရိကန်ဆီ တရားဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်မှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ပိတ်ပင် ခံရမှာ ဖြစ်ပါတယ်။ ထရမ့်ဟာ သမ္မတ ဖြစ်လာချိန် ကတည်းက နိုင်ငံပိုင်နက်ထဲ တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာမှုတွေကို ကန့်သတ်တင်းကျပ်ဖို့ ဘက်ပေါင်းစုံက လုပ်ဆောင်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရင်က အမေရိကန်ဆီ ပြည်ဝင်ခွင့်စာရင်း ကန့်သတ်မှုမှာ အာရှနဲ့ အာဖရိက ဒေသတွင်းက ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေကို အဓိက ပစ်မှတ်ထားခဲ့ပြီး အခုတစ်ကြိမ်မှာတော့ လက်တင်အမေရိက ဒေသတွင်းက ဘရာဇီး၊ ကိုလံဘီယာနဲ့ ဥရုဂွေး၊ ဘော်လ်ကန် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘော့စ်နီးယားနဲ့ အယ်လ်ဘေးနီးယား၊ အာရှတောင်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တောင်အာရှရဲ့ ထိုင်း၊ကမ္ဘောဒီးယားနဲ့လာအိုတို့ပါ ပါဝင်လာပါတယ်။ နောက်ပြီး အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ကာရေဘီယန်ဒေသတွင်းကနိုင်ငံတွေ အများအပြားလည်း အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း ခံလာရပါတယ်။

စုစုပေါင်း ၇၅ နိုင်ငံရဲ့ နိုင်ငံသားတွေ အမေရိကန်ဆီ ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှုဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့အမေရိကန်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်၂၀၂၆ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ၂၀၂၈ ခုနှစ်အိုလံပစ် ပြိုင်ပွဲတွေဆီ လာရောက် အားပေးမယ့် ပရိသတ်တွေရဲ့ ဗီဇာကိုတော့ ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက စာရင်းမှာပါတဲ့ နိုင်ငံတွေရဲ့ အမေရိကန် ဝင်ရောက်ခွင့် ဗီဇာတွေကို လိုအပ်တဲ့ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်နေချိန်အတောအတွင်း အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ ပြောပါတယ်။ သူ့ရဲ့ ဝန်ကြီးဌာနဟာ စာရင်းပါ နိုင်ငံတွေဆီကနေ အမေရိကန်ကို ရွှေ့ပြောင်းအခြေချခွင့် လျှောက်ထားမှုတွေကို အခုကတည်းက အသစ်ထပ်ပြီး လက်မခံဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက အာဖဂန် နစ္စတန် နိုင်ငံသား ရွှေ့ပြောင်း အခြေချသူ တစ်ဦးက အိမ်ဖြူတော်နားမှာ အမေရိကန် အရပ်တပ်ဖွဲ့ဝင် နှစ်ဦးကို ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ထရမ့်ဟာ အာဖဂန်အပါအဝင် နိုင်ငံပေါင်း ၁၉ ခုရဲ့ နိုင်ငံသားတွေ အမေရိကန်ဆီ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့ဖူးပါတယ်။အဲဒီ ၁၉
နိူင်ငံထဲမှာ မြန်မာလည်းပါဝင်ပါတယ် ။

ဒါတင်မကဘဲ အဲဒီ ၁၉ နိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး ခိုလှုံခွင့်၊ အမေရိကန်နိုင်ငံသားအဖြစ် ပြောင်းလဲ လျှောက်ထားခွင့်နဲ့ အမြဲတမ်း နေထိုင်ခွင့် (green card) လျှောက်ထားခွင့် လုပ်ငန်းစဉ်တွေကိုပါ ဆိုင်းငံ့ထားစေခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။