Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်မှာ လူမိတဲ့သူခိုး ဝိုင်းရိုက်မှာကြောက်ပြီး အိမ်ခေါင်မိုးပေါ်က မဆင်းဘဲနေရ

တာချီလိတ်မြို့မှာ နေ့ခင်းကြောင်တောင် ဝင်ခိုးတဲ့သူခိုးဟာ လူတွေမိသွားလို့ ဝိုင်းရိုက်မှာကြောက်ပြီး အိမ်ခေါင်မိုးပေါ်ကမဆင်းနိုင်ဘဲ တစ်နာရီနီးပါး အမိုးပေါ်လမ်းလျှောက်နေခဲ့ရပါတယ်။

ဇန်နဝါရီ-၁၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring

တာချီလိတ်မြို့မှာ နေ့ခင်းကြောင်တောင် ဝင်ခိုးတဲ့သူခိုးဟာ လူတွေမိသွားလို့ ဝိုင်းရိုက်မှာကြောက်ပြီး အိမ်ခေါင်မိုးပေါ်ကမဆင်းနိုင်ဘဲ တစ်နာရီနီးပါး အမိုးပေါ်လမ်းလျှောက်နေခဲ့ရပါတယ်။

ဒီနေ့ဇန်နဝါရီ ၁၈ရက် မနက်ပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်မှာ နေအိမ်တစ်အိမ်ကို ဖောက်ထွင်းခဲ့တဲ့သူခိုးဟာ လူမိသွားတာကြောင့် အိမ်ခေါင်မိုးပေါ်ကနေ ထွက်ပြေးဖို့ ကြိုးစားချိန် အောက်မှာ ရပ်ကွက်ခံတွေက စောင့်နေကြတာကြောင့် အမိုးပေါ် ၁နာရီနီးပါး လမ်းလျှောက်နေခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“နေ့ခင်းကြီးဝင်ခိုးတာလူမိပြီးအောက်ဆင်းရင်လည်းဝိုင်းရိုက်မှာကြောက်လို့။ မောင်သူခိုးလမ်းပျောက် အဲ့မှာတင် တစ်နာရီလောက်ရှိနေပြီ။”လို့ တာချီလိတ်​ဒေသခံက လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ တင်ထားပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို တစ်နာရီနီးပါးအကြာမှာ​တေ့ာ ရပ်ကွက်ခံတွေ ဝိုင်းဖမ်းခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ သူခိုးတွေ မကြာခဏသောင်းကျန်းနေပြီး ဖြစ်စဥ်အများစုက ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာဖက်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် နှိပ်စက်မှုတွေ ခံရပြီးတဲ့နောက် ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်ဆီ ထွက်ပြေးလာတဲ့ ရုရှား ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကို ကယ်ဆယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် ဇူလိုင်လ ၃၀ ရက်က ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးငယ်တစ်ဦးအားငါးရက်အကြာတွင်မဲခေါင်မြစ်အတွင်းသေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်။

Facebook