Connect with us

Hi, what are you looking for?

သတင်း

ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများ​နေ

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို

မယ်ဆိုင်ကစက်သုံးဆီဆိုင်မှာဝယ်ယူဖို့တန်းစီ ​စောင့်ဆိုင်း​နေကြတဲ့မြန်မာ​တွေ။ဓါတ်ပုံ-Khaosod

မတ်-၃၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဆိုင်နဲ့ မြန်မာဖက်ခြမ်းက တာချီလိတ်တို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေက တန်းစီဝယ်ယူနေကြပါတယ်။

အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဓာတ်ဆီ တင်ပို့မှုတွေကို ဆိုင်းငံ့ထားဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း သတင်းတွေကြောင့် ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်မှာစက်သုံးဆီလုံးဝ ဝယ်မရတာမျိုး ကြုံလာမှာကိုစိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စဖွင့်ချိန် ကတည်းက မြန်မာဖက်မှာ မှတ်ပုံတင်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေဟာ မယ်ဆိုင်ဖက်ကို ဖြတ်ကူးပြီးဆီဝယ်ဖြည့်နေခဲ့တာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်မောင်း အများအပြားဟာ ဆီအပြည့် ဖြည့်ယူသွားရုံတင် မကဘဲ လိုရမယ်ရ ကြိုတင် စုဆောင်းထားမှုအဖြစ် ပုံးအပိုတွေနဲ့ ဝယ်ယူသိုလှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူစုဆောင်းနေတဲ့ ယာဉ်အများစုဟာ မြန်မာလိုင်စင် နံပါတ်တွေနဲ့ဖြစ်ပြီး တချို့ ထိုင်းဒေသခံတွေကလည်း အလားတူ ဝင်တန်းစီနေခဲ့ကြပါတယ်။

မယ်ဆိုင်မှာတော့သိုလှောင်ထားတဲ့ဆီအားလုံးကုန်သွားလို့ မတ်လ ၂ ရက်နေ့ ကတည်းက ဆီဆိုင်နှစ်ဆိုင်ကယာယီပိတ်ထားရပါတယ်။ဒါပေမဲ့မြို့လယ်တဝိုက်က အကြီးစားဆိုင်ကြီးတွေကတော့ စက်သုံးဆီ လုံလုံလောက်လောက်ရှိနေဆဲလို့ ပြောပါတယ်။

ရွှေတြိဂံ ဒေသထဲမှာ ပါဝင်တဲ့ ချီယန်ဆန်မှာတော့ ထိုင်းအစိုးရက ဆီတင်ပို့ခွင့် ဆိုင်းငံ့နိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းကြောင့်ပို့ကုန်လုပ်ငန်းရှင်တွေက အခြေအနေစောင့်ကြည့်နေခဲ့ရာက မတ်လ ၃ ရက်နေ့မှာတော့အာဏာပိုင်တွေဆီကမီးစိမ်းပြမှုကြောင့် ဆီတင်ရေယာဉ်တွေစတင်ထွက်ခွာခဲ့ကြပါတယ်။

အလားတူ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့မဲ​ဆောက်မြို့ကစက်သုံးဆီဆိုင်​တွေမှာလည်း ဒီက​နေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကကူးလာပြီးစက်သုံးဆီ

ထိုင်းစွမ်းအင်ဝန်ကြီးဌာနရဲ့အရာရှိတစ်ဦးကတော့ ဝန်ကြီးဌာနဟာပြည်ပကို လောင်စာတင်ပို့မှု ပိတ်ပင်တဲ့ အမိန့်တစ်ခုခု ထုတ်မထားသေးဘူးလို့ ဆိုပါတယ်။အစောပိုင်းတုန်းကတော့ ထိုင်းရဲ့ The Nation သတင်းဌာနက ထိုင်းအစိုးရဟာ ပြည်တွင်းဖူလုံရေးအတွက်ဓာတ်ဆီနဲ့ ဆက်စပ်လောင်စာထွက်ကုန်တွေပြည်ပတင်ပို့ခွင့်ကိုချက်ချင်းရပ်ဆိုင်းမယ်လို့ ထိုင်းသတင်းဌာန​တွေကမတ်လ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

စွမ်းအင်လုပ်ငန်းဌာနကအရှေ့အလယ်ပိုင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေပြီး အပြောင်းအလဲ တစ်ခုခု လိုအပ်ရင် တရားဝင် ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောကြားထားပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းစက်သုံးဆီ အကြပ်အတည်းနဲ့ စစ်ကောင်စီအဖွဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် စားသောက်ကုန်တွေစျေးတက်တာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးအသီးသီးကရရှိထားတဲ့ စက်သုံးဆီခွဲတမ်းတွေကို သီလဝါဆိပ်ကမ်းကနေ ဆီသည်​​ဘောက်ဆာယာဥ်​တွေကို စစ်​ကောင်စီက ထုတ်မပေးဘူးလို့ စက်သုံးဆီလုပ်ငန်းရှင်အချို့က​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့် ပမာဏကို သတ်မှတ်လိုက်တယ်လို့ ဆီဆိုင်ဝန်ထမ်းအချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီရည်ညွှန်းစျေးတွေ စံချိန်တင်မြင့်တက်လာတယ်လို့ ယာဉ်မောင်းသမားတွေက ပြောပါတယ်။