Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာငလျင်လှုပ်မြို့နယ်အများစုသိသာစွာ ခံစားလိုက်ရ

ရန်ကုန်မြို့မှာ ဒီက​​နေ့ (ဇန်နဝါရီ ၁၉) ညပိုင်းမှာ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးမြို့နယ်အများစုကပြည်သူ​တွေသိသိသာသာခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

■​နေပြည်​တော်မှာလည်း ငလျင်ငယ်တစ်ခုလှုပ်

ဇန်နဝါရီ ၁၉၊၂၀၂၆။တာရာ၊သုည/People’s Spring

ရန်ကုန်မြို့မှာ ဒီက​​နေ့ (ဇန်နဝါရီ ၁၉) ညပိုင်းမှာ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးမြို့နယ်အများစုကပြည်သူ​တွေသိသိသာသာခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်ည ၁၀ နာရီ ၁၅ ဝန်းကျင်မှာလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကို စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊လှိုင်သာယာ၊ လမ်းမတော်၊ ကမာရွတ် ၊မြောက်ဥက္ကလာ၊မြောက်ဒဂုံ၊ အလုံ၊ သာကေတ၊ ကြည့်မြင်တိုင်စတဲ့ မြို့နယ်အများစု သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံတွေ ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိပ်နေရင်း ကုတင်က သိသိသာသာကြီး လှုပ်သွားတယ်။ လန့်ပါနိုးတယ်။ တကိုယ်လုံး လည်သွားသလို ခံစားလိုက်ရတယ်။ အသံအကျယ်ကြီး မြည်ပြီး လှုပ်တာမျိုးတော့ မဟုတ်ဘူး။ အိမ်ရှေ့ထွက်ကြည့်တော့ အခြားသူတွေလည်း တော်တော်များများ သိလိုက်တယ် ထင်တယ်။ ဝရန်တာတွေမှာ ထွက်ကြည့်နေကြတယ်။ အောက်ဆင်းပြေးတာမျိုးတော့ မရှိကြပါဘူး” လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက​ပြောပါတယ်။

အထူးသဖြင့်အထပ်မြင့်နေသူများ သိသာစွာခံစားခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

“ရှစ်လွှာမှာ နေတာမို့လား မသိ ငလျင်လှုပ်တာ သေချာသိလိုက်တယ်။ တိုက်တစ်ခုလုံးကို လှုပ်ရမ်းသွားသလိုပဲ ဘုရားစင်က မီးဆို ရမ်းပြီးတော့ကို လှုပ်သွားတာပါ။ လှုပ်တာတော့ တချက်ထဲပါပဲ” လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“တော်တော်လေးလှုပ်သွားတယ်။ ရေတွေဆို ဟိုဘက်သည်ဘက်ဘောင်ဘင်ခတ်နေတာ။ အရမ်းအကြမ်းကြီးတော့မဟုတ်ပေမယ့် သိသာတယ်။ ခေါင်းတောင်နည်းနည်းမူးသွားတယ်” လို့ မြောက်ဒဂုံမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့ရှိ ပြည်သူတွေအ​နေနဲ့ ငလျင်လှုပ်ခြင်းရဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို သတိထားနေထိုင်ဖို့နဲ့ လိုအပ်ပါက အသင်းအဖွဲ့ကိုတွေ အကူအညီတောင်းနိုင်ကြောင်းလည်း လူမှုကူညီရေးအသင်းတွေက ဖော်ပြ​နေပါတယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ရဲ့ MOHADM က ည ၁၀နာရီ၁၄ မိနစ်ခန့်မှာ ပဲခူးတိုင်း၊ မိုးညိုမြို့အနီး၊ မြေအောက်အနက် ၁၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၅ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာလို့​ဖော်ပြပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှု​တွေလျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြဖို့လည်းNUGက အသိပေးထားပါတယ်။

ဒါ့အပြင် ​နေပြည်​​တော်ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် (၃) မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ၃ ရစ်(ခ်)တာစကေးအဆင့်ရှိ ငလျင်တစ်ခုဒီက​နေ့ည ည ၈ နာရီ ၅၄ မိနစ်အချိန်မှာလှုပ်ခတ်ခဲ့ပါတယ်။

​ဒီငလျင်လှုပ်တာကို ​နေပြည်​​တော်တဝိုက်​နေထိုင်သူ​တွေသိရှိခံစားလိုက်ရပါတယ် ။ဒါ​ကြောင့်ငလျင်နှစ်ခုဟာ ၁ နာရီ​ကျော်ပဲကွာခြားပါတယ်။

၂၀၂၅ မတ် ၂၈ ရက်ငလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက်ပိုင်းနောက်ဆက်တွဲ​မြေငလျင်အကြိမ်​ပေါင်းရာနဲ့ချီပြီး စစ်ကိုင်းပြတ်​ရွေ့​​ကြောတ​​လျှောက်နဲ့ ​နေရာအနှံ့မှာလှုပ်ခတ်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။